Pages

Tuesday, July 17, 2012

ထိုင်းနိုင်ငံမှ MBA ဘွဲ့ရရှိမည့် (၂)နှစ်သင်တန်း UMFCCI Institute တွင် ဖွင့်လှစ်မည်

မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) နှင့် ထိုင်းနိုင်ငံကုန်သည်ကြီးများ တက္ကသိုလ် University of The Thai Chamber of commerce (UTCC) တို့ပူးပေါင်း၍ စီးပွားရေး စီမံခန့်ခွဲမှုပညာ မဟာဘွဲ့သင်တန်း(MBA) သင်တန်းကို ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 
 
 “UTCC က ထိုင်းနိုင်ငံမှာတော့ နာမည်ရပြီးသားပါ။ အခုအာဆီယံနိုင်ငံတွေနဲ့ ပညာရေး
ပူးပေါင်းနိုင်ဖို့ရည်ရွယ်ပြီး ဒီသင်တန်းကို လာဖွင့်တာပါ။ အာဆီယံဒေသတွင်း နိုင်ငံတွေနဲ့ပူးပေါင်းတဲ့ အစီအစဉ်မှာတော့ မြန်မာနိုင်ငံက ပထမဆုံးပါပဲ။” ဟု UTCC မှ Program Office & Student Adviser ဖြစ်သူ မချယ်ရီက ပြောသည်။
 
 
အဆိုပါသင်တန်းကို ထိုင်းနိုင်ငံမှ တက္ကသိုလ်တစ်ခုဖြစ်သော UTCC မှ ဆရာများကိုယ်တိုင်လာရောက်
သင်ကြားမည်ဖြစ်ပြီး မည်သည့်ဘွဲ့ရရှိသူမဆို တက်ရောက်နိုင်ကြောင်း သိရှိရသည်။
 
 
သင်တန်းတက်ရောက်ရန် လျှောက်လွှာများကို UMFCCI ရုံးတည်ရှိရာ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ UMFCCI Training Institute ၌လာရောက်ထုတ်ယူနိုင်ပြီး ဇူလိုင်လ(၂၀) ရက်
 နေ့နောက်ဆုံးထား၍ မှတ်ပုံတင်ကြေး အဖြစ် ငွေကျပ်(၁၈၀၀၀) နှင့် အတူ လျှောက်လွှာပြန်လည်
 ပေးပို့ရမည် ဖြစ်သည်။

 
အဆိုပါသင်တန်းအား UMFCCI  Training Institute တွင် တက်ရောက်ရမည်ဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ သြဂုတ်လ မှ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ အထိ အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် သင်တန်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းအောင်မြင်ပါက ထိုင်းနိုင်ငံ သို့သွားရောက် ဘွဲ့လက်ခံယူရမည် ဖြစ်ကြောင်း သိရသည်။
 
 
သင်တန်းကြေးအနေဖြင့်အမေရိကန် ဒေါ်လာ (၁၀၅၀၀) သတ်မှတ်ထားပြီးသင်တန်းကြေးအား
 လေးကြိမ်ခွဲကာ   ပေးသွင်းနိုင်ကြောင်း  ၊ ပထမဆုံးအကြိမ်တွင် ဒေါ်လာ(၃၀၀၀) မှ (၄၀၀၀) ကြား ပေးသွင်းကာ ကျန်ငွေများအား (၄)လတစ်ကြိမ် ဒေါ်လာ (၂၀၀၀) ၀န်းကျင်ပေးသွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။
 
 
“ထိုင်းနိုင်ငံမှာသွားတက်ရတာနဲ့စာရင်ကုန်ကျစရိတ်တော့သက်သာမယ်ထင်တယ်။ စနေ၊ တနင်္ဂနွေပဲ တက်ရမယ်ဆိုတော့ အလုပ်တစ်ဖက်နဲ့သူတွေလည်း အဆင်ပြေနိုင်တာပေါ့” ဟု စီးပွားရေးပညာစိတ်ဝင်စားသော အစိုးရ၀န်ထမ်းတစ်ဦးဖြစ်သူ ကိုဇော်ဇော်မြင့်က ပြောသည်။
 
 
UTCC တက္ကသိုလ်သည် စီးပွားရေးစီမံခန့်ခွဲမှုပညာ၊ စာရင်းကိုင်ပညာ၊ စီးပွားရေးဘာသာရပ်၊ လူမှုရေးဘာသာရပ်၊ သိပံ္ပဘာသာရပ်၊ အင်ဂျင်နီယာဘာသာရပ်နှင့် ဥပဒေဘာသာရပ် စသည်များကို သင်ကြားပို့ချပေး နေသော နိုင်ငံတကာအဆင့်မီ တက္ကသိုလ် တစ်ခုဖြစ်ကြောင်း သိရှိရသည်။

Ref: Myitmakha Media:
 
 

0 comments:

Post a Comment