Pages

Sunday, July 29, 2012

ရွှေတိဂုံ စေတီတော်သို့ လာရောက်ကြသည် နိုင်ငံခြားများ အင်တာနက် Wi-Fi အခမဲ့ သုံးခွင့်ပြုမည်



ရွှေတိဂုံ စေတီတော်သို့ လာရောက်ကြသည် နိုင်ငံခြားများအနေဖြင့် သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ အင်တာနက် ၀ိုင်ဖိုင် Wi-Fi အခမဲ့ အသုံးပြုခွင့်ပေးသွားဟု စေတီတော် ဂေါ်ပကအဖွဲ့ တာဝန်ရှိသူတဦးက ဇူလိုင်လလ ၂၆ ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။


နိုင်ငံခြားသား တဦးလျှင် မိနစ် ၃၀ အသုံးပြုခွင့် ပေးသွားမည်ဖြစ်ပြီး ထိုကဲ့သို့ ၀ိုင်ဖိုင် သုံးစွဲနိုင်ရန် အတွက် ပြည်တွင်းကုမ္ပဏီတခု ဖြစ်သည့် ခရစ်စတယ်ရှိုင်း က ဂေါ်ပကအဖွဲ့ထံသို့ ဇူလိုင်လ ၁ ရက်နေ့က
လာရောက် ပြောခဲ့ကြောင်း တာဝန်ရှိသူက ဆိုသည်။

“ရွှေတိဂုံ စေတီတော်ကို လာရောက် ဖူးမြော်ကြတဲ့ ဧည့်နိုင်ငံခြားသားတွေကို တောင်ဘက်မုခ်မှာ ရှိတဲ့ နိုင်ငံခြားသား ဧည့်ဝင်ကောင်တာတွေမှာ ပုံမှန်ပေးဆောင်နေကျအတိုင်း တဦးကို ဧည့်ဝင်ကြေး FEC ငါးဒေါ်လာ ဒါမှမဟုတ် အမေရိကန် ငါးဒေါ်လာ ပေးပြီးတာနဲ့ ဧည့်ကတ်ပေးပြီး အင်တာနက် သုံးချင်တဲ့သူ
ဆိုရင် Password ပါ တခါတည်းပေးလိုက်မယ်” ဟု ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင် က ပြောသည်။

လောလောဆယ်တွင် နိုင်ငံခြားသားများအတွက် အဓိက ဦးစားပေးကာ ဆောာင်ရွက်လျက်ရှိပြီး စမ်းသပ်
ကာလဖြစ်သည့်အတွက် မိနစ် ၃၀ သာ သတ်မှတ်ထားသော်လည်း နောက်ပိုင်းတွင် သုံးစွဲချိန် ပိုမိုတိုးမြှင့်သွားမည်ဟု ၎င်းက ဆိုသည်။

ထိုကဲ့သို့ ရွှေတိဂုံ စေတီတော်တွင် နိုင်ငံခြားသားများ အင်တာနက် အသုံးပြုနိုင်သည်ကို သိရှိစေရန် ရင်ပြင်တွင် ဆိုင်းဘုတ်များ ထောင်ထားပေးမှာဖြစ်ပြီး စေတီတော် ဖွင့်ချိန် ဖြစ်သည့် နံနက် ၄ နာရီမှ ည ၁၀ နာရီအတွင်း အသုံးပြုခွင့် ပေးသွားမှာ ဖြစ်သည်။

ရန်ကုန် (မဇ္ဈိမ)

0 comments:

Post a Comment