Pages

Sunday, July 29, 2012

မြန်မာနိုင်ငံတွင် အဝေးပြေးခရီးစဉ်များအတွက် နှစ်ထပ်ယာဉ်ပြေးဆွဲမူ သက်ဆိုင်ရာကခွင့်မပြုသေး


မြန်မာနိုင်ငံတွင် အဝေးပြေးနှစ်ထပ်ယာဉ်လိုင်း ပြေးဆွဲမှုအတွက် သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်မရရှိသေး
သေးကြောင်း အဆိုပါယာဉ်လိုင်းပြေးဆွဲမည့် Elite Express မှတာဝန်၇ှိသူများကပြောကြားလိုက်သည်။



အဆိုပါနှစ်ထပ်ယာဉ်ကို ရန်ကုန်-နေပြည်တော်ခရီးစဉ်အဖြစ် ဇွန်၁၇ ရက်နေ့မှ ဇူလှိုင် ၁၇ ရက်နေ့အထိ တလစမ်းသပ်ပြေးဆွဲခဲ့ရာ ခရီးသည်များကကြိုက်နှစ်သက်ကြကြောင်း တစ်လတာကာလအတွင်း သုသေသနပြုလုပ်ချက်များအရသိရှိရသည်။

အဆိုပါနှစ်ထပ်ယာဉ်သည် ဆွီဒင်နိုင်ငံထုတ် ကိုယ်ထည်၊ ဖရိန်၊ အင်ဂျင်များဖြစ်ပြီး အောက်ထပ်တွင် ၁၃ခုံ၊ အပေါ်ထပ်တွင် ၄၃ခုံရှိကြောင်းသိရသည်။

အောက်ထပ်ခုံများမှာ VIP ထိုင်ခုံများဖြစ်ပြီး ထိုင်ခုံတခုံလျှင် တီဗီတစ်လုံးစီတပ်ဆင်ပေးထားကာ ခရီးသည်
များအတွက်ဝန်ဆောင်မူများလည်းပေးထားကြောင်းသိရသည်။

VIP ထိုင်ခုံများမှာ တစ်ခုံလျှင် ၁၃၀၀၀ ၊ အပေါ်ထပ်ထိုင်ခုံများမှာ ၈၀၀၀ ကျပ်ဖြစ်ကြောင်းသိရသည်။ ရန်ကုန်- နေပြည်တော်အမြန်လမ်းတွင် နှစ်ထပ်ကားမောင်းနှင်မူ အဆင်ပြေကြောင်းလည်းသိရသည်။

 "ယခုကညနသို့ ယာဉ်ပြေးဆွဲခွင့်တင်ထားပါတယ်၊ သက်ဆိုင်ရာကစိစစ်ပြီးခွင့်ပြုနိုင်လိမ့်မယ်လို့ အဆိုပါယာဉ်လိုင်းတာဝန်ရှိသူကပြောကြားခဲ့ပါတယ်။

News Watch Media

0 comments:

Post a Comment