Pages

Sunday, July 29, 2012

စွန့်ပစ်ခံ ယူဆရသည့် ကလေးငယ်တဦး ရွှေတိဂုံဘုရားတွင် တွေ့ရှိ


မိဘများမှ စွန့်ပစ်ခဲ့သည်ဟု ယူဆရသော ကလေးငယ် တဦးအား ရွှေတိဂုံဘုရား မြောက်ဘက်
မုခ်တွင် ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူ တဦးက ပြောသည်။


အသက် တနှစ်ခွဲခန့် အရွယ်ရှိ ကလေးငယ်ကို ရွှေတိဂုံဘုရား မြောက်ဘက် တန်ဆောင်းတွင် ဘုရားတွင် လုံခြုံရေးတာဝန်းကျ အမျိုးသမီး ၀န်ထမ်းတဦးက ထိုနေ့ ညနေ ၆ နာရီ ခန့်တွင် တွေ့ရှိခဲ့ပြီး ဘုရားလုံခြုံရေး စခန်းသို့ အပ်နှံခဲ့ခြင်းဖြစ်သည်။

ထို့နောက် ကလေးအား မိဘများပြန်လာခေါ်နိုင်စေရန် ဘုရားလုံခြုံရေး စခန်းမှ ည ၉ နာရီအချိန်အထိ အသံချဲ့စက်ဖြင့် ကြေညာပေးခဲ့သော်လည်း မည်သူမှ လာရောက် ယူဆောင်ခြင်း မရှိသည့်အတွက် ဒဂုံမြို့နယ် ရဲစခန်းသို့ ထိုနေ့ညတွင် သွားရောက် အပ်နှံခဲ့ရာ တာဝန်မှူး ဒုရဲအုပ် အောင်ကြိုင် က လက်ခံခဲ့သည်။

“ရွှေတိဂုံဘုရားမှာ ကလေးတွေကို လာစွန့်ပစ်မှုတွေက ပစ်လေ့ပစ်ထရှိတယ် ဆိုပေမယ့် မကြာခဏတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ဒီလိုဖြစ်စဉ်မျိုး ဖြစ်ခဲ့ဖူးတယ်။ အဲဒီတုန်းက မိဘတွေက လာစွန့်ပစ်
ထားတဲ့သတင်းကို မီဒီယာတွေက ဖော်ပြကြတဲ့အတွက် မကြာခင်မှာပဲ အဲဒီကလေးရဲ့ အဘိုးအဘွားတွေက ပြန်လာခေါ်ကြလို့ သေချာစုံစမ်းပြီး ပြန်လွှဲပေးခဲ့ဖူးတယ်။

ဒါကြောင့် အခုလည်း ဒီကလေးနဲ့ ပတ်သက်တဲ့ မိဘဆွေမျိုးတွေ ပြန်လာခေါ်ခဲ့ရင် ပြန်အပ်နှံပေးသွားမှာပါ” ဟု ဂေါပက ရုံးအဖွဲ့မှူး ဦးဝင်းကြိုင် က ပြောသည်။

လက်ရှိတွင် ကလေးငယ်အား အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းတွင် နေထိုင်ပြီး ရွှေတိဂုံဘုရားတွင် လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူ ဦးအောင်သူ (၂) က မွေးစားလိုကြောင်း ပြောသဖြင့် ဒုရဲအုပ် အောင်ကြိုင် က ခေတ္ကယာယီထိန်းသိမ်းထားခွင့် နှင့် အုပ်ထိန်းသူများ လာရောက်ဆက်သွယ်ပါက ပြန်လည် လွှဲပြောင်းပေးနိုင်ရန် လွှဲစာနှင့်အတူ ခေတ္တ ထိန်းသိမ်းစောက်ရှောက်ခွင့် ပြုထားသည်။

ရန်ကုန် (မဇ္ဈိမ)

0 comments:

Post a Comment