Pages

Sunday, July 29, 2012

ရန်ကုန်မြို့ရှိ Taxi ယာဉ်မောင်များ တမင်လုပ်ကြံကားတိုက်ခံ မူများနှင့် ကြုံတွေ့နေရ


ရန်ကုန်ရှိ မြို့နယ်အများစုတွင် မော်တော်ယာဉ်(ဟန်ဆောင်တိုက်မူ)များ အား အုပ်စုဖွဲ့ကာလိမ်လည်မူးများ ပြုလုပ်နေကြကြောင်း ကိုယ်တိုင်တွေ့ကြုံခဲ့ရသူ တောင်ဥကလာမြို့နယ်နေ Taxi ယာဉ်မောင်း ဦးသူရကိုကိုဦင်္းက ပြောပြခဲ့သည်။

ထိုကဲ့သို့ လိမ်လည်သူများအနေဖြင့် အသက် ၂၅နှစ်ဝန်းကျင်ရှိလူငယ် အမျိုးသား၊အမျိုးသမီးများမှ အုပ်စုဖွဲ့ကာလိမ်လည်နေကြခြင်းဖြစ်ကြောင်းသိရသည်။

ဇွန် ၂၀ရက်နေ့က မိမိတစ်ဦးတည်း လှိုင်သာယာမှကားမောင်ပြီးပြန်လာချိန်တွင် ဘုရင့်နောင်တံတား
အနီးအရောက်တွင် လူငယ်တစ်ဦးမှ ကားရှေ့သို့ပြေးဝင်လာပြီး ကားရှေ့အရောက် လမ်းပေါ်သို့လှဲချ
လိုက်ကြောင်းငှင်းကပြောပြခဲ့သည်။

"အဲ့ဒီလူက ကျွန်တော့်ကားကိုပြေးပြီးလာတိုက်တာ၊ ကျွန်တော်က အဝေးကနေကတည်းကမသင်္ကာတာနဲ့ ကားကိုသတိထားပြီးအရှိန်လျှော့ချလိုက်ရတယ်။သူတို့လုပ်လို့ကျွန်တော်လဲ တော်တော်လန့်သွားတယ်၊

 ကားပေါ်ကဆင်းပြီး ဘာဖြစ်သွားလဲလို့သွားမေးတော့ ဘေးနားက နေလူငါးယောက်လောက်က ကားနားကို ၀ိုင်းလာကြပြီး ၊ကားတိုက်သွားလားဆိုးပြီး အယောင်ဆောင်တဲ့ သူကိုဝိုင်းမေးကြတယ်။

 ပြီးတော့ လဲနေတဲ့ သူကသူတို့နဲ့တလမ်းထဲပါ၊ သူ့ကိုဆေးခန်းသွားပို့ရမယ် လျှော်ကြေးတစ်သိန်းပေး
ပါဆိုင်္ပြီးတောင်တော့တာပဲ။အဲ့ဒီချိန်မှာ လမ်းဘေးကွမ်းယာရောင်းတဲ့ လူတစ်ယောက်က ကျွန်တို့အနား
လာပြီး လျှော်ကြေးများကြောင်း မပေးနိုင်ရင် ရဲစခန်းသွားမယ်လို့ပြောပါလေးရော။

 လဲနေတဲ့သူကလဲ ဟိုနားနာတယ် ဒီနားနာတယ်လို့အော်နေတာ။နောက်ဆုံး ၃သောင်းနဲ့ အဆင်ပြေသွား
တယ်။သူတို့ပြန်သွားမှ ကွမ်းယာရောင်းတဲ့ လူက ဒီလူတွေဒီနားမှာလိမ်နေတာကြာပြီင်္သူတို့အုပ်လိုက်
ဝိုင်းလိမ်နေကြတာလို့ပြောပြတယ်။

 ကွမ်းယာရောင်းတဲ့ လူကလဲ သူအမှန်အတိုင်းပြောလိုက်ရင် သူကိုရန်ရှာမှာကြောက်နေပုံရတယ်။

ထိုသို့ အုပ်ဖွဲ့လိမ်လည်နေသူများသည် Taxi တစ်ဦးတည်းမောင်သော ကားသမားများကိာ အဓိကထား
လိမ်နေကြတာဖြစ်ပါတယ်။ဒါကြောင့် ရန်ကုန်မြို့တွင်းရှိယာဉ်မောင်းများ ထိုကဲ့သို့ အုပ်ဖွဲ့လိမ်လည်သူ
များရန်မှ ကြိုတင်ကာကွယ်နိုင်ရန်  သတိပေးပြောကြားခဲ့ပါတယ်။


မင်းဗညား(New Watch Media)

0 comments:

Post a Comment