Pages

Sunday, July 29, 2012

တိုင်းရင်းသားလူမျိုးအခွင့်အရေးကာကွယ်စောင့်ရှောက်မှုဥပဒေ ဥပဒေကြမ်း ရေးဆွဲတော့မည့်



တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေပြဌာန်းရေးအဆို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကအတည်ပြုလိုက်ပြီဖြစ်ပြီး ဥပဒေကြမ်းတစ်ခု ရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။


၎င်းအဆိုကို ပြည်သူ့လွှတ်တော်အစည်းဝေး သတ္တမနေ့တွင်ရှမ်းပြည်နယ်ကွတ်ခိုင်မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးတီခွန်မြတ်တင်သွင်းခဲ့ပြီး ဇူလိုင်လ (၂၇)ရက်နေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။

အဆိုတွင် ဖွဲ့စည်းပုံအခြေခံပုဒ်မ (၂၂)ပါ အချက်လက်များဖြစ်သည့်တိုင်းရင်းသားလူမျိုးများ၏ လူမှုဘ၀ကို အချိုး ညီညီမျှမျှတတ တိုးတက်လာစေရေးအတွက် အဓိကထားဆောင်ရွက်ရန်၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပြဌာန်းရန် လိုအပ်သည်ဟုလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်သည်။

ဆက်လက်ပြီး စစ်မှန်သောထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၂၁) အပိုဒ် (ဃ)တွင် ပါရှိသည့်တိုင်းရင်းသား၏ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်တာဝန်နှင့်တားမြစ်ချက်များ ထိခိုက်ခိုင်မာပြည့်စုံစေရန် လိုအပ်သောဥပဒေပြဌာန်းရမည်ဟု ပါရှိသည်။

ကျမဆွေးနွေးတဲ့အချက်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါထားတဲ့မူသာဖြစ်တယ်။ ဒီမူကိုအခြေခံပြီးဥပဒေ အဖြစ်ရေးဆွဲရ မှာဖြစ်တယ်။ဒီဥပဒေတစ်ခုဖြစ်လာမှပဲ နိုင်ငံတော် နိုင်ငံသားတွေကျမတို့တိုင်းရင်းသားတွေ အတွက် ကာကွယ်နိုင်တဲ့ ဥပဒေဖြစ်လာမယ်ဆိုတာအဓိကလိုရင်းပဲဖြစ်တယ်။” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုကပြောသည်။

တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများအား တန်းတူညီတူရရှိရန် ဥပဒေတစ်ခုလည်းပြဌာန်းဖြစ်မည်ဖြစ်ကြောင်း ဒေါ်နန်းဝါနုက ပြောသည်။

၎င်းအဆိုနှင့်ပတ်သတ်ပြီး လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်ကျော်ဝင်းနှင့်ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်ကလည်းထောက်ခံကြောင်း သိရှိရသည်။

အဆိုပါ ဥပဒေထွက်ရှိရန် အချိန်ယူရဦးမည်ဖြစ်ပြီး ဥပဒေပညာရှင်များအတည်ပြုပြီးပါကလွှတ်တော်တွင်  ပြန်လည်ဆွေးနွေး
မည်ဖြစ်ကာတိုင်းရင်းသားလူမျိုး (၁၃၅)မျိုးရှိသည့်အတွက် နိုင်ငံတကာ ဥပဒေကိုလေ့လာရမည်ဖြစ်ကြောင်းပြည်သူ့လွတ်တော်
ကိုယ်စားလှယ်ဦးမန်းမောင်မောင်ဥာဏ်က ဆိုသည်။

မြစ်မခ သတင်းမီဒီယာ

0 comments:

Post a Comment