Pages

Tuesday, July 31, 2012

Whit cardရှိသော ဘင်္ဂလီများအား မြန်မာနိုင်ငံသားအဖြစ်ခံယူနိုင်ကြောင်း လူဝန်မှုကြီးကြပ်ရေး ၀န်ကြီးပြော



မြန်မာနိုင်ငံရှိ လူဝင်မူကြီးကြပ်ရေးဝန်ကြီးဌာနမှ ၁၉၈၂ခုနှစ်မတိုင်မီ ထုတ်ပေးခဲ့သည် ယာယီသက်သေခံ ကဒ်ပြား(whit card)ရှိသော ဘင်္ဂလီများအား မြန်မာနိုင်ငံသားအဖြစ်ခံယူနိုင်ကြောင်း လူဝန်မှုကြီးကြပ်ရေး ၀န်ကြီးထံမှ သိရှိရသည်။
 “၁၉၈၂ခုနှစ် မတိုင်ခင်က ယာယီသက်သေခံကဒ်ပြား အများခေါ်တဲ့ white card ပေးထားတယ်။ အဲ့ဒါကဒ်သူတို့မှာရှိသေးရင် သူတို့မှာ နိုင်ငံသားအဖြစ်လျှောက်လို့ရတဲ့ အခွင့်အရေးရှိတယ်။ သူကိုယ်တိုင်ကလဲ မြန်မာနိုင်ငံသားဖြစ်ချင်တဲ့ဆန္ဒရှိရမယ်ဆိုရင်” ဟုလူဝန်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက ပြောသည်။

ဘင်္ဂလီများသည် မြန်မာနိုင်ငံသားအဖြစ်ခံယူမည်ဆိုပါက လူဝန်မှုကြီးကြပ်ရေးဝန်ကြီးထံသို့ လာရောက် လျှောက်ထားနိုင်ပြီး ၁၉၈၂ခုနှစ်က ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံ နိုင်ငံသားဥပဒေပါ အချက်အလက်များဖြင့် ကိုက်ညီမူရှိပါ လက်ခံမည်သွားဖြစ်ကြောင်း ၊ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ဆိုပြီး လုံးဝမရှိကြောင်း ခိုင်ခိုင်မာမာပြောဆိုနိုင်ကြောင်း ၀န်ကြီး ဦးခင်ရီက ပြောကြားခဲ့သည်။

“လျှောက်တဲ့အခါ သတ်မှတ်ချက်တွေတော့ ရှိတယ်။ ဘိုးစဉ်ဘောင်ဆက် အချက်အလက်တွေပြရမယ်။ မြန်မာစကားကောင်းကောင်းပြောတတ်ရမယ်။ စသဖြင့်သူ့ရဲ့ ကိုယ်ရေးရာဇ၀င်ကို တင်ပြရမယ်။ အဲ့ဒါတွေစုံရင် ဗဟိုအဖွဲ့ကိုတင်ရတယ်။” ဟု ဗဟိုအဖွဲ့တွင်လည်း ဥက္ကဌတာဝန်ယူထားသူဖြစ်သော ဦးခင်ရီက ဆက်လက်ပြောသည်။

 ၁၉၈၂ခုနှစ် ဥပဒေအရ မြန်မာနိုင်ငံသားအဖြစ်ခွင့်ပြုရာ လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အခြား ၀န်ကြီးဌာနများမှ ၀န်ကြီးများ နှင့် မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြား သံအမတ်များတက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား လည်းတက်ရောက်ခဲ့ကြောင်း သိရသည်။

မစ္စတာ ကင်တားနားသည်၂၀၁၂ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့တွင် ရခိုင်ပြည်နယ် ဘူးသီးတောင် နှင့် မောင်တောဒေသများသို့ သွားရောက်လေ့လာမည် ဖြစ်ကြောင်း သိရှိရသည်။

မြစ်မခမီဒီယာ

0 comments:

Post a Comment