Pages

Tuesday, July 31, 2012

ယနေ့(ဇူလိုင်လ ၃၁ရက်နေ့) တွင် အမျိုးသား လွှတ်တော် အစည်းအဝေး ဆက်လက်ကျင်းပ

ယနေ့(ဇူလိုင်လ ၃၁ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် 

(၁) ရပ်ကွက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ကိစ္စနှင့် စပ်လျဉ်းသော မေးခွန်း။ 

(၂) ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဒဏ် ခံစားခဲ့ရသော ပြည်သူများ 

မူလ အခြေအနေသို့ အမြန်ဆုံး ပြန်လည် ရောက်ရှိရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ


 ဆောင်ရွက်ပေးမည့် ပြန်လည် ထူထောင်ရေး အခြေအနေများနှင့်





 နောင် အလားတူ ဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရေး၊ လုံခြုံမှု တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု 


အပြည့်အ၀ ရရှိရေးအတွက် ရေရှည်အစီအမံများ ချမှတ်ရေးဆွဲ ထားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း။ 

(၃) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ဒေသပြည်သူအပေါ် အမှီအခိုကင်းပြီး ဂုဏ်သိက္ခာ ရှိစွာ ရပ်တည်တာဝန် 



ထမ်းဆောင်နိုင်ရေး အတွက် လုံလောက်သော ခရီးစရိတ်၊ အသုံးအဆောင် ပစ္စည်းနှင့် ရုံးသုံးစက်ပစ္စည်း 


စသည်တို့ကို ငွေစာရင်း ခေါင်းစဉ် အလိုက် ရံပုံငွေ ခွဲဝေချထားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း အစရှိသည့်


 မေးခွန်းများကို မေးမြန်းကြမည် ဖြစ်သည်။ 


ထို့နောက် အဆိုတင်သွင်းမှု အစီအစဉ်တွင်


(၁) ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးက ကာလ စည်းကမ်းသတ် အက်ဥပဒေကို



 ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေး စဉ်းစားရန် အဆိုတင်သွင်းခြင်း။


(၂) ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးက တရားရုံးများ မထီမဲ့မြင် ပြုမှု ဥပဒေကြမ်းကို 



အမျိုးသား လွှတ်တော်က ဆွေးနွေး စဉ်းစားရန် အဆို တင်သွင်းခြင်။ 


(၃) ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးက ရာဇ၀တ်ကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့် 



ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းခြင်း။ 


(၄) ငွေကြေးနှင့် အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးနှင့် 



အရင်းအနှီးဈေးကွက် ဥပဒေကြမ်း ရေးဆွဲနေစဉ် ကာလအတွင်း ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ အခြေခံ


 အဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် ပြုပြင် ဖွဲ့စည်းမှုများ ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအား 


တိုက်တွန်းကြောင်း အဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ငါးဦးက ဆွေးနွေးခြင်း။


 ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ဖြေရှင်း ဆွေးနွေးခြင်းနှင့် 


အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

(၅) အိန္ဒိယနိုင်ငံရှိ ရတနာဂီရိရှိ နတ်ရွာစံ သီပေါ မင်းတရားကြီး၏ ရုပ်အလောင်းများမှ အရိုးများကို



 မြန်မာနိုင်ငံသို့ ပြန်လည် သယ်ဆောင် ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို


 တင်သွင်းခြင်း။

(၆) အခြေခံ ပညာ အထက်တန်း စာမေးပွဲ အောင်မြင်မှု၊ ကျရှုံးမှုနှင့် စပ်လျဉ်း၍ လက်ရှိ ကျင့်သုံးနေသည့်



 စနစ်အား ပြန်လည် သုံးသပ်လျက် အရည်အချင်း ပြည့်မီသော အောင်မြင်သူများ ပိုမို မွေးထုတ်


 နိုင်ရေးအတွက် အောင်မြင်မှု အခြေခံ ရမှတ် သတ်မှတ်ချက် မြှင့်တင်ရန်နှင့် ကျရှုံးသူများ မနစ်နာစေရန် 


အတွက် ကျရှုံးပြီး ဘာသာကိုသာ အချိန်တို အတွင်း ပြန်လည် ဖြေဆိုခွင့် ရရှိရေး အခွင့်အရေး ပေးသည့်


 စနစ် ပြုပြင်ပြောင်းလဲ ပေးနိုင်ပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်း ကြောင်း အဆိုကို တင်သွင်းခြင်း


 အစရှိသည်တို့ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက တင်သွင်းကြမည်ဟု သိရပါသည်။




ပညာရေးမြှင့်တင်မှုကော်မတီမှ တင်သွင်းသည့် ၂၀၁၂ ခုနှစ် တက္ကသိုလ်ပညာရေးဥပဒေကြမ်းပါ 


အချက်ပေါင်း ၆၆ ချက်အား ပြင်ဆင်အတည်ပြုရန် တင်ပြထားသည့်အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် 


ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အချက် ၄၃ ချက်အားပြင်ဆင်


အတည်ပြုရန် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။






Eleven Media Group:

0 comments:

Post a Comment