Pages

Tuesday, July 31, 2012

အပ်နှံယာဉ်များမှ သုံးစွဲသင့်သည်များအား အစိုးရဋ္ဌာနများတွင် ပြန်လည်ခွဲဝေသုံးစွဲမည်



အစိုးရရုံးဌာနများရှိသုံးစွဲရန်မသင့်သည့် မော်တော်ယာဉ်များအားသံရည်ကျိုစက်သို့ ပေးပို့ဖျက်ဆီးကာ အချို့အားအစိုးရ ဋ္ဌာနများသို့ခွဲဝေသုံးစွဲသွားမည်ဖြစ်ကြောင်းအမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနက သိရသည်။


ယခင်အစိုးရလက်ထက်တွင် ပြုပြင်သုံးစွဲနိုင်သည့် အဆင့်ရှိယာဉ်များအားနိုင်ငံတော်ဘဏ္ဍာငွေ ချိုးခြံချွေတာသည့် အနေဖြင့်ပြည်ထောင်စုဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများသို့ ခွဲဝေပေးခဲ့ပြီးအဆင့်မရှိသည့် ယာဉ်များကို သံရည်ကျို ဖျက်စီးခဲ့ပါသည်ဟု ဒေါက်တာကံဇော်ကပြောကြားခဲ့သည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ဇူလိုင်(၂၈)ရက်နေ့က ပြုလုပ်ခဲ့သောအမျိုးသားလွှတ်တော်အစည်းဝေး (၁၆)ရက်နေ့မြောက် တွင်အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မူဝန်ကြီးဌာနဒု-၀န်ကြီး ဒေါက်တာ ကံဇော်က ပြောကြား ခဲ့ခြင်းဖြစ်သည်။

ယခင်အစိုးရလက်ထက်တွင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများသို့မော်တော်ယာဉ် (၅၂၉)စီး ခွဲဝေပေးခဲ့ပြီးပြုပြင်သုံးစွဲရန် မသင့်၍သံရည်ကျိုဖျက်စီးခဲ့သော မော်တော်ယာဉ်(၂၆၂)စီး ရှိကြောင်း သိရှိရသည်။

၂၀၁၁ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်းပြည်သူ့ဘဏ္ဍာသိမ်းမော်တော်ယာဉ်(၆၈၂)စီးအား လေလံတင်ရောင်း   ချခဲ့ရာ ငွေကျပ်(၁၅.၀၁၃) ဘီလီယံကျော်ရှိခဲ့ကြောင်းနှင့် အဆိုပါငွေများအားမြန်မာ့စီးပွားရေးဘဏ်သို့ ငွေစာရင်းခေါင်းစဉ် (MD-000732,MD-000970)ဖြင့် ပေးသွင်းပြီးဖြစ်ကြောင်းကိုလည်း သိရှိရသည်။

အထက်ပါအစီအစဉ်များနှင့်ပတ်သက်၍ အစိုးရ၀န်ထမ်းများက ကြိုဆိုကြောင်း၎င်းတို့ထံမှ သိရှိရသည်။

ဒီလိုမျိုးဆိုရင်မဆိုးပါဘူး။ အခုလက်ရှိမှာက အစိုးရဌာန ဘယ်မှာမဆိုကြည့်လိုက်သုံးလို့ရတဲ့ကားထက်ေဂျာင်ထိုးထားရတဲ့ကားတွေက များနေတယ်။သုံးလို့ရတဲ့ကားတွေဆိုလည်း နေ့တိုင်းလိုလို မပျက်တဲ့နေ့မရှိဘူး။ဝန်ထမ်းတွေ စီးတဲ့ဖယ်ရီတွေဆိုရင်လည်း သက်တောင့်သက်သာမဖြစ်တာကိုဖယ်ရီစီးတဲ့ အစိုးရဝန်ထမ်းတိုင်း သိပါတယ်ဟု အစိုးရဌာန တစ်ခုမှ လုပ်သက်ရင့်   နေ့စဉ်ဖယ်ရီစီးဝန်ထမ်းတစ်ဦးက ပြောသည်။

မြစ်မခမီဒီယာ

0 comments:

Post a Comment