Pages

Tuesday, July 31, 2012

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ရေကြီးနေ





Photo


တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ရေကြီးနေတဲ့အတွက် အခက်အခဲဖြစ်နေတဲ့ပြည်သူတွေကို ဗမာနိုင်ငံလုံး

ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ထားဝယ်ခရိုင် စားနပ်ရိက္ခာနဲ့ကျန်းမာရေး ကိစ္စတွေကူညီနေ

တယ်လို့ သတင်းရရှိပါတယ်။
အဲဒီမှာ မိုးများပြီး ရေကြီးနေတာ ၃ ရက်လောက်ရှိနေပြီး၊ မြို့ခံတွေရဲ့ အခက်အခဲကို ကူညီနေတာလို့ 

ဗကသများအဖွဲ့ချုပ် ထားဝယ်ခရိုင် ဒု-ဥက္ကဌ မဝင့်ဝါကျော်က RFA ကိုပြောပါတယ်။
Photo

ထားဝယ်မြို့ပေါ်မှာ ၄ ပေ- ၄ ပေကျော်လောက်ရေတက်နေပြီး များသောအားဖြင့် အိမ်အောက်ထပ်

 တွေမှာနေလို့မရတော့ဘဲ အပေါ်ထပ်တွေမှာ နေကြရတယ်လို့ ဆိုပါတယ်။


အဲဒီဒုက္ခရောက်နေသူတွေကို ဗကသများ အဖွဲ့ချုပ်ဝင် ကျောင်းသားတွေ အပြင် NLD အမျိုးသား

 ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေသခံလူမှုရေး အသင်းအဖွဲ့တွေရော၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေ ကပါ

 အစားအသောက်တွေ လိုက်ကူညီနေတယ်လို့လည်း မဝင့်ဝါကျော်က ပြောပါတယ်။


RFA (Burmese)


0 comments:

Post a Comment