Pages

Tuesday, July 31, 2012

မန္တလေးမြို့၂၉လမ်း၄၈/၈၆ကြားတွင် ရှိ ကိုင်းတန်းဈေး မပြောင်းရွှေ့ရရေးအတွက် ဈေးသူဈေးသားများ ည ၇ နာရီတွင် ဆန္ဒပြ


ယနေ့ည ၇ နာရီအချိန်တွင် မန္တလေးမြို့၂၉လမ်း၄၈/၈၆ကြားတွင် ရှိသော ကိုင်းတန်းဈေး မပြောင်းရွေ့ရရေးအတွက် ဈေးသူဈေးသားအယောက်(၂၀၀)ကျော်ခန့် ၂၉လမ်း၈၄/၈၆လမ်းပေါ်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။


“တို့ကို ၄၁လမ်း မြစ်ဆိပ်နားက အသစ်ဆောက်ထားတဲ့ ဈေးသစ်ကိုရွေ့ခိုင်းတယ် ဈေးသစ်မှာနေရာမလောက်လို့ ဈေးသူဈေးသားတွေ အားလုံးဈေးရွေ့ ဖို့ဆန္ဒမရှိပါဘူး မူလဈေးမပြောင်းရွေ့ရေး အတွက်ကျမတို့လွတ်လပ်စွာ ဆန္ဒထုတ်ဖော် နေ ပါတယ်” ဟု ဆန္ဒထုတ်ဖော်နေသော ကိုင်းတန်းဈေးသူတစ်ဦးက ဆိုသည်။

ဈေးသစ်သို့ပြောင်းရွေ့ရာတွင် ဈေးသူဈေးသားများနေရာအခက်ခဲရှိသည့်အတွက် စားဝတ်နေရေးဒုက္ခရောက်သွားနိုင်ပြီး နေရာဝေးသောကြောင့် သွားလာရန်အခက်ခဲရှိကြောင်းNLDပါတီဝင်တစ်ဦးကပြောသည်။
ဈေးသူဈေးသားများဆန္ဒဖော်ထုတ်ရာတွင် ILO မှကူညီပေးကြောင်းသိရသည်။

ကိုင်းတန်းဈေးမပြောင်းရွေ့ ရေးအတွက် ဆန္ဒပြမှုသည် မန္တလေးမြို့တွင်ဈေးသူ ဈေးသားများ ၏ပထမဆုံးဆန္ဒပြမှုဖြစ်ပြီးဆန္ဒဖော်ထုတ် ရာတွင်သက်ဆိုင်ရဲ တပ်ဖွဲ့အချို့စောင့်ကြပ်ပေးခဲ့ကြောင်းသိရသည်။

ည ၁၁ နာရီဝန်းကျင်အချိန်ခန့်တွင် ဆန္ဒပြခြင်းကို ရပ်နားခဲ့ကြကြောင်း သိရှိရသည်။


မင်းမင်းလတ်၊ မောင်ယဉ်ကျော်(မြစ်မခ မန္တလေး)

0 comments:

Post a Comment