Pages

Thursday, July 5, 2012

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ K Bank မှ တဆင့် မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်



မြန်မာနိုင်ငံရှိအာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်နှင့် ထိုင်းနိုင်ငံ Karsikorn Bank (KBank) တို့ ချိတ်ဆက်၍ ထိုင်းနိုင်ငံရောက်   မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ စိတ်အေးချမ်းသာစွာဖြင့် ငွေလွှဲပို့နိုင်ရန်အတွက် ငွေလွှဲခြင်းလုပ်ငန်းများအား ဇူလိုင်လ(၂)ရက်နေ့မှ စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။



ထိုင်းဘဏ်(KBank)နှင့် AGD Bank တို့သည် မြန်မာလုပ်သားများအတွက် ရည်ရွယ်ပြီး ပထမဆုံးအကြိမ် တရားဝင်ငွေလွှဲလုပ်ငန်းအား စတင်လိုက်ခြင်းဖြစ်သည်။  “အခုလောလောဆယ်တော့ မြန်မာလုပ်သားများအတွက် ဖြစ်ပါတယ်။ ငွေလွှဲမယ့် တိုင်းပြည်ပေါ်မှာ
 မူတည်ပြီး တော့ အဲဒီဘဏ်တွေနဲ့ ဆက်သွယ်လို့ရှိရင် လိုအပ်ချက်တွေကို ဖောင်တွေ ဖြည့်ခိုင်းပါလိမ့်မယ်။” ဟု အာရှ စိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။


ငွေလွှဲမည်ဆိုပါက ငွေလွှဲသူ အမည်၊ မှတ်ပုံတင်နံပါတ် (သို့) ပတ်စ်ပို့နံပါတ် (သို့) အလုပ်သမား မှတ်ပုံတင် နံပါတ်၊ လိပ်စာ ဖုန်းနံပါတ်(ငွေလွှဲလာမထုတ်လျှင် ပြန်ဆက်သွယ်ရန်) စသည့်အချက်များ လိုအပ်ကြောင်းသိ ရှိရသည်။ ငွေလက်ခံမည့်သူ၏ အမည်၊
 မှတ်ပုံတင်၊ ဖုန်းနံပါတ် (ငွေလွှဲရောက်ကြောင်း အကြောင်းကြားရန်)၊ငွေလွှဲလိုသည့် မြို့ နှင့်လွှဲလိုသည့် ဘဏ်ခွဲ၊ စသည်တို့ကို ပေးရန်လိုအပ်ကြောင်းအာ ရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်က သိရှိရသည်။


 “ ငွေလွှဲလက်ခံသူဟာ မှတ်ပုံတင် မူရင်းနှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူရမှာပါ။ ကိုယ်တိုင်လာရောက် မထုတ်ယူလိုသူက ငွေစုစာရင်းဖွင့်ထားပြီး အဲဒီ စာရင်းထဲကိုလည်း တိုက်ရိုက် ထည့်သွင်းနိုင်တယ်၊ (နောင်ဆိုရင် ATM စက်နဲ့လည်း ငွေပြန်ထုတ်နိုင်တယ်၊) AGD Bank မှ နေ့စဉ် ငွေလဲကောင်တာမှ ဒေါ်လာဝယ်ဈေးဖြင့် ပြန်လည် ထုတ်ပေးမှာဖြစ်ပါတယ်၊ လွှဲပို့သော ငွေအား နေ့ချင်းထုတ်ယူနိုင်တယ်၊” ဟု အာရှစိမ်းလန်းမှုဖွံ့ဖြိုး ရေးဘဏ်မှ ငွေလွဲ့ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။


ငွေလွှဲဝန်ဆောင်ခ ငွေလွှဲဝန်ဆောင်ခ နှုန်းထားများမှာ ငွေလွှဲပမာဏ ၀န်ဆောင်ခ အမေရိကန်ဒေါ်လာ ၁၀၀ မှ ၃၀၀၀ ထိ   ၁၅၀ ဘတ် ဖြစ်ပြီး ကန့်သတ်ချက်အနေဖြင့် တစ်ရက်လျှင် ဘတ် ၉၀,၀၀၀ (သို့) ဒေါ်လာ ၃,၀၀၀ ထိ ပေးပို့နိုင်ကြောင်း သိရှိရသည်။ 
ထိုင်းနိုင်ငံ ကေဘဏ်နှင့် ငွေလွှဲလိုသူသည့်  မြန်မာအလုပ်သမားများအနေဖြင့် အဆိုပါဘဏ်တွင် စာရင်းလာ ဖွင့်လှစ်ရန် ဖိတ်ခေါ်ထားပြီး အထူးအစီအစဉ်အဖြစ် အစ ပထမ ၃ လတွင်  ဝန်ဆောင်ခ ဘတ် ၁၀၀ ထိ လျော့ပေးမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။


ထိုင်းနိုင်ငံမှ ငွေလွှဲပေးနိုင်သော နေရာမျာ ကနဦးအဆင့်တွင် Kbank၏ ကွန်ယက်များအားလုံးမှတစ်ဆင့် ပထမဦးစွာ စမ်းသပ်မြို့များဖြစ်သော Bangkok, Samut Prakan, Samut Sakhon, Nonthaburi, Pathum Thani, Chiang Mai, Chon Buri, Rayong,Surat Thani, Songkhla နှင့် Phuket တို့မှ  ငွေများအား လုံခြုံစိတ်ချစွာဖြင့် အောက်ပါမြို့များသို့ လွှဲပို့နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။


 ၁။ ရန်ကုန်မြို့၊ ကမာရွတ်ဘဏ်ခွဲ ၂။ ရန်ကုန်မြို့၊ လမ်းမတော်ဘဏ်ခွဲ ၃။ ရန်ကုန်မြို့၊ ဘုရင့်နောင်ဘဏ်ခွဲ

၎။ မန္တလေးဘဏ်ခွဲ  ၅။ နေပြည်တော်ဘဏ်ခွဲ ၆။ မော်လမြိုင်ဘဏ်ခွဲ ၇။ မြောင်းမြဘဏ်ခွဲ

၈။ ညောင်လေးပင်ဘဏ်ခွဲ ၉။ ဖြူးဘဏ်ခွဲ ၁၀။ တောင်ငူဘဏ်ခွဲ ၁၁။ အောင်လံဘဏ်ခွဲ

၁၂။ တောင်တွင်းကြီးဘဏ်ခွဲ ၁၃။ ကျောက်ပန်းတောင်းဘဏ်ခွဲ ၁၄။ မြင်းခြံဘဏ်ခွဲ ၁၅။ မုံရွာဘဏ်ခွဲ

၁၆။ ပခုက္ကူဘဏ်ခွဲ ၁၇။ မူဆယ်ဘဏ်ခွဲ ၁၈။ မြစ်ကြီးနားဘဏ်ခွဲ ၁၉။ ပြည်ဘဏ်ခွဲ များတွင် ငွေလွှဲထုတ်ယူနိုင်
ကြောင်းသိရှိရသည်။

Ref: မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment