Pages

Thursday, July 5, 2012

ဝိညာဉ်သရဲ ဇာတ်ကားတွေမှာ ပြဿနာ အရှိဆုံးနဲ့ ပရိသတ်ကို အဖမ်းစားနိုင်ဆုံး အရာကို ပြောပြတဲ့ ဒါရိုက်တာ


ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိခဲ့သလို ဆင်ဆာ ကင်းလွတ်ခွင့်လည်း ရထားတဲ့ ဝိညာဉ်သရဲ ဇာတ်ကား တစ်ကားကတော့  ’ဝိညာဉ်ခေါ်သံ’ ဇာတ်ကား ပဲဖြစ်ပါ တယ်။ ဒီဇာတ်ကားရဲ့ ဖန်တီးရှင် ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် ကတော့ ဆင်ဆာ လျှော့ပေါ့မှုနဲ့ ပထမဦးဆုံး ခွင့်ပြုပြီး ထွက်လာတဲ့ ဇာတ်ကားဖြစ်တယ်လို့ ပြောပါတယ်။

 ”ရှေ့မှာ ထွက်ထားတဲ့ ဇာတ်ကားတွေကတော့ ပြန်ဖြေရတာတွေ များတယ်။ ဦးလည်း ဇာတ်ကားတွေ ဆင်ဆာလျှော့ပေါ့ပေးနေ တဲ့အချိန်မှာ အမှန်အတိုင်း တင် လိုက်တော့ ခွင့်ပြုခဲ့တာပါ။ သူတို့လည်း လျှော့ပေါ့ပေးနေပါတယ်။ ဦးရဲ့နောက်မှ ဆင်ဆာတင်တဲ့ ဇာတ်ကားတွေကိုလည်း ခွင့်ပြုတယ်လို့ ကြားပါတယ်။ အဲဒီတော့ ဦးတို့ ဘက်ကလည်း တာဝန်ယူရမယ့် ဇာတ်လမ်း၊ ဝတ်စား ဆင်ယင်မှုဘက်တွေကို တာဝန်ယူမှု အပိုင်းနည်းနည်း ထိန်းသိမ်းပေးဖို့ လို့မယ်ထင်ပါတယ်” လို့ ပြောပါတယ်။

အဲဒါ ဇာတ်ကား ရိုက်ကူးခဲ့စဉ် အခါတုန်းကဘယ်လို ထူးခြားမှုမျိုး တွေကြုံတွေ့ခဲ့ရတာ ရှိလဲဆိုတော့ ”ရိုက်တဲ့နေရာမှာလည်း သတိထားရတယ်။ နည်းနည်း ချောက်ချား နိုင်လောက်တဲ့ နေရာမျိုးမှာ သွားရိုက်ရတယ်။ အဲဒီဇာတ်ကားထဲက အိမ်ကြီးဆိုရင် ကလောမှာ တကယ်ကို သရဲခြောက်တာ။ ရိုက်တာကလည်း ညပိုင်းတွေ ဆိုတော့ တကယ် ကိုပြဿနာတွေ တက်ခဲ့တယ်။

 အဲဒီက အစောင့်တွေ ဘာတွေမေးကြည့်တော့ သူတို့ကလည်း တကယ်ရှိတယ် ဆိုတော့ သရုပ်ဆောင်တွေက အလိုလိုနေရင်း နဲ့ကို စိတ်က ချောက်ချားနေတာ။ တကယ်ခြောက်တဲ့ အခန်းတွေ၊ တကယ် ပြဿနာရှိတဲ့ အခန်းတွေမှာ ရိုက်ရတော့ သရုပ်ဆောင်တွေက အိုက်တင်တောင် မလုပ်ရ သေးဘူး။ တကယ်ကြောက်တဲ့ ပုံကပေါ်နေတာ။ 

အဲဒါနဲ့ ရုပ်ရှင် ဗီဒီယို ရိုက်ဖို့ပါ ဆိုပြီးတော့ ဆိုင်ရာဆိုင်ရာတွေကို တောင်းပန်ရတယ်။ အဲဒီ အိမ်ကြီးမှာက တကယ် ကိုရှိတာ။ တကယ်လည်း ခြောက်တယ်။ ဖန်တီးယူပြီးတော့ ရိုက်ရတဲ့ဟာမျိုး ဆိုရင်တော့ မကောင်းဘူးပေါ့” လို့ ပြောပြပါတယ်။ အဲဒီဇာတ်ကား ရိုက်ကူးခဲ့တဲ့ ကလော အိမ်ကြီး အနားကို ညဘက်ဆိုရင် ဆိုင်ကယ် တောင်ဖြတ်မစီး ရဲကြကြောင်း၊ ဒါပေမဲ့ အဲဒီအိမ်ကြီးမှာ ညဘက်ဆင်းန်တွေကိုပဲ အများဆုံး ရိုက်ကူး ဖြစ်ခဲ့ ကြောင်း၊ ည ၁၂ နာရီ၊ ၁နာရီ အထိ ရိုက်ခဲ့ကြရ ကြောင်း၊ ရိုက်ကူးနေရင်းနဲ့လည်း ထူးခြားတာတွေ ကြုံ တွေ့ခဲ့ရကြောင်း ပြောပါတယ်။

 ဝိညာဉ်သရဲ ဇာတ်ကား ရိုက်တဲ့အခါ ဘယ်လို အရာတွေကို ရိုက်ကူးမှု အပိုင်းမှာ သတိထားရလဲလို့  ဆက်မေးတော့ ”အဓိကကတော့ လိုက်တင်ပဲ။ လိုက်တင်ကို ဦးစားပေးရတယ်။ ကြည့်လိုက်တာနဲ့ ချောက်ချားနေ ရမယ့် ပုံစံမျိုး ဖြစ်ရမယ်။ နောက်တစ်ခုက ကင်မရာကို အငြိမ်ထားလို့ မရဘူး။ စိတ်ချောက်ချားမှု ဖြစ်အောင်တော့ ရိုက်ပြရတယ်။

 နောက်တစ်ခု သရဲကားမှာ ပြဿနာ အရှိဆုံး နဲ့ပရိသတ်ကို ဖမ်းစားနိုင်ဆုံးကတော့ နောက်ခံ တေးဂီတပဲ။ တီးလုံးသံကို ကြားလိုက်တာနဲ့ ဇာတ်ကားကို ပံ့ပိုး နိုင်မှု ၅ဝ ရာခိုင်နှုန်း ရှိမရှိဆိုတာ သိနိုင်တယ်။ ပရိသတ်ကို လေးစားတဲ့ အနေနဲ့တော့ ကွာလတီ ကောင်းကောင်းနဲ့ ရိုက်ပြသင့်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။
 ထက်လူလူ

0 comments:

Post a Comment