Pages

Thursday, July 5, 2012

သွားလူဆိုး၊ ဒါမျိုးတော့တတ်တယ် ဇာတ်ကားကြီး ရိုက်ကူးခဲ့တုန်းက အမှတ်တရတွေကို ပြန်ပြောပြသူ ဒါရိုက်တာ ညီညီထွန်းလွင်


ဒါရိုက်တာညီညီထွန်းလွင်က အရင် တုန်းက သမုဒယဆိုတဲ့ဇာတ်ကားကို အခု ခေတ်နဲ့ပုံစံပြောင်းပြီး’သွားလူဆိုး ဒါမျိုးတော့ တတ်တယ်’ဆိုတဲ့ ရုပ်ရှင်ကားကြီးကို    ကျော်ရဲအောင်၊ ပြေတီဦး၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်တို့နဲ့ ပြန်လည်ရိုက်ကူးထား ပါတယ်။

 အရင်တုန်းက ဇာတ်ကားဟောင်းကို ပုံစံ ပြောင်းပြီး ရိုက်ဖြစ်တဲ့ စိတ်ကူး ကိုလည်း ဒါရိုက်တာညီညီထွန်းလွင်က..”ဒီဇာတ်ကားလေး ပြန်ရိုက်ဖြစ်တော့ အစအဆုံးမတူအောင်တော့ ပြန်ရိုက်ထား တယ်။ ဒါပေမဲ့ တူတာလေးတွေလည်းရှိ တယ်။ မူရင်းဇာတ်မှာက ပထမဆုံးယောက်ျား လေးကပျောက်သွားတယ်။

 ပြီးတော့ နောက် ပိုင်းမှာက မိန်းကလေးက ပျောက်သွားတယ်။ အဲဒါက စာရေးဆရာမ ရဲ့မူရင်းဝတ္ထုေ ပါ့။ အဲဒီ လို မူရင်းဝတ္ထုရဲ့ ဇာတ်သိမ်းကိုတော့ မထိပဲ နဲ့ ကျန်တဲ့ ပလော့တွေအစအဆုံးကိုတော့ အသစ်တွေပဲလုပ်ထားတယ်။ ပြီးတော့ ဒီဇာတ်ကားထဲမှာက ဆယ့်နှစ်လ ရာသီပွဲ တော်တွေ အကုန်ပါတော့ အထူးသဖြင့် မြန်မာပြည်ပရိသတ်အတွက်မဟုတ်ဘဲ နိုင်ငံ ရပ်ခြားမှာ ရောက်ရှိနေတဲ့ မြန်မာလူမျိုးတွေ အတွက် သူတို့ကို ရိုက်ပြချင် တာပါ”လို့ ပြောပါတယ်။ဒီဇာတ်ကားလေးကို ပုပ္ပားမှာ သွား ရောက်ရိုက်ကူးဖြစ်ခဲ့တယ်လို့လည်း သိရပါ တယ်။

 အဲဒီလိုမျိုး ပုပ္ပားမှာရှိတဲ့ ရွာတွေမှာ သွားရောက်ရိုက်ကူး ခဲ့တုန်းက အခက်အခဲရှိခဲ့ ကြောင်းကိုလည်းဒါရိုက်တာညီညီထွန်းလွင်က.. ”သွားရိုက်တုန်းက အခက်အခဲတွေ တစ်ပုံကြီး ဖြတ်သန်းခဲ့ရတယ်။ ပြေတီဦး ကိုလည်း ရွာထဲက ပရိသတ်တွေကလိုက် တော့ထွက်ထွက်ပြီးပြေးရတာတွေ၊ ပြီးတော့ ရုပ်ရှင်ရိုက်နေတဲ့ ဘုန်းကြီးကျောင်းကို လူတွေဝိုင်းထားလို့ အသံတွေမဝင်အောင် တံခါးေ တွကို အလုံပိတ်ပြီး အပြင်ကရိုက် ရတော့ သရုပ်ဆောင်တွေလည်း ချွေးတွေနဲ့ လှောင်ပြီး ဖျားတဲ့အထိ ဖြစ်ခဲ့ရတယ်။ေ

နာက်ပြီး စီးပွားရေးသမားတွေက ပုပ္ပား အနီးတစ် ဝိုက်က မြို့တွေကနေ၊  လူ တစ်ယောက်ကို ပိုက်ဆံတစ်ထောင်နဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့ကို သွားကြည့် မယ် ဆိုပြီးခေါ်လာကြတော့ ရွာတွေမှာဆိုရင် ရိုက်ရင်း ထွက်ထွက်ပြေးရတာတော့ အမှတ် တရပါပဲ” လို့ ပြောပါတယ်။

လွင်လွင်ထွန်း

0 comments:

Post a Comment