Pages

Thursday, July 5, 2012

ရန်ကုန်မြို့ မင်္ဂလာဈေးတွင် ယိုးဒယားမိတ်မိုးရာသီပစ္စည်းများ (၄၀)ရာနှုန်းကျော် တန်ဖိုးမြင့်တက်နေ


ယခုနှစ်မိုးရွာသီတွင် မိုးရာသီအသုံးပြုပစ္စည်းများ ယခင်နှစ်များကထက်  ပေါများလာသော်လည်း ဈေးနှုန်းအနေဖြင့် ပျမ်းမျှ(၄၀) ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း မင်္ဂလာဈေးက သိရှိရသည်။ 


ကုန်ဈေးနှုန်းမြင့်တက်ရခြင်းမှာ ယိုးဒယားဘတ်ဈေးနှင့်သယ်သူစရိတ်မြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု ဈေးသည်များကဆိုသည်။ 
“အရင်မိုးရာသီမတိုင်ခင်က ဘတ်ဈေးက ၂၅ ကျပ်ထိ ကျသွားတယ်၊ အခု မိုးတွင်းကလည်းဖြစ်ပြန် မိုး ရာသီအသုံးဆောင်ပစ္စည်းတွေကလည်း ၀င်လာတယ်၊ ဘတ်ဈေးတွေကလည်း ၂၈ ကျပ်အထိတက်လာတယ်ဆိုတော့ မိုးရာသီပစ္စည်းတွေ ဈေးတက်တာပေါ့”ဟု မင်္ဂလာဈေးမှ မိုးရာသီပစ္စည်းရောင်းချသူ ကိုသားကြီး ကပြောသည်။


ယိုးဒယားထီးများဖြစ်သော နီကို၊YAMAZU ထီးများသည် ယခင်နှစ်မိုးရာသီကကျပ် လေးထောင်ခန့်နှင့် ရောင်းချခဲ့ရာမှ ယခုတွင် ငွေကျပ် ခြောက်ထောင်ခန့်အထိမြင့်တက်လာပြီး မိုးတွင်းမိန်းမစီး ယိုးဒယား ကော်ကြည်ဖိနပ်များမှာ ယခင်နှစ်က ငွေကျပ်သုံးထောင်နှင့်ရောင်းချခဲ့ရာမှ ယခု ငွေကျပ်ငါးထောင်ခန့် အထိ မြင့်တက်လာခြင်း ဖြစ်သည်။ တံဆိပ်မပါ ယိုးဒယားရေစိုခံအိတ်များသည် ယခင်နှစ်က
 ငွေကျပ်တစ်သောင်းနှင့်ရောင်းချပြီး ယခုနှစ်မိုးရာသီ တွင် ငွေကျပ် တစ်သောင်းငါးထောင်နှင့် ရောင်းချလျက်ရှိကြောင်း မင်္ဂလာဈေး မိုးတွင်းပစ္စည်း အရောင်းဆိုင် များက သိရသည်။


ဘတ်ဈေးတက်သော်လဲ သယ်ယူစရိတ်လျော့ကျပါက ကုန်းဈေးနှုန်းမတတ်နိုင်ကြောင်းနှင့် မိုးရာသီသုံးပစ္စည်း ဈေးကွက်မှာ ယိုးဒယားဘက်မှ အ၀င်များသည့်အတွက် ဘတ်ဈေးအပေါ်မူတည်၍ ပြောင်းလဲမှုရှိကြောင်း ကို လည်း မိုးရာသီပစ္စည်းလက်လီလက်ကားရောင်းသူများက ဆိုသည်။ ၂၀၁၁ မိုးရာသီထက် ကုန်ဈေးနှုန်းပစ္စည်းများသည် ငွေကျပ် တစ်ထောင်ဝန်းကျင်မှ ငွေကျပ် ငါးထောင်ဝန်းကျင်ထိ
 မြင့်တက်သွားသော ပစ္စည်းများလည်း ရှိနေကြောင်းကိုလည်း သိရသည်။


“အခုမိုးရာသီမှာ ယိုးဒယားဘက်ကနေ ရေစိုခံအိတ်တွေ ထီးတွေ ပစ္စည်းတော်များများဝင်တယ်၊ ထီးတွေ ၀င်တယ် ဒီရာသီမှာ ရာသီပစ္စည်းတွေရောင်းအားတက်ပေမယ့် ဈေးနှုန်းကတော့ ဘတ်ဈေးနဲ့ သယ်ယူစရိတ် ကြောင့် သိပ်မကျတာမရှိဘူး တက်တာပဲရှိတယ်”ဟု မင်္ဂလာဈေးမှ မိုးရာသီပစ္စည်းရောင်းချသူ မထိုက်ထိုက်က ပြောသည်။ ဘတ်ဈေးကျသော်လည်း သယ်ယူစရိတ်ကြီးမြင့်နေပါက
 ဈေးနှုန်းသက်သက်သာသာဖြင့် အသုံးအဆောင် ပစ္စည်းများအား ပြည်သူလူထုထံ ရောင်းချနိုင်ရေး  အခက်ခဲရှိနေကြောင်း ဈေးရောင်းသူများကသုံးသပ်ကြသည်။

Ref: မြစ်မခသတင်းမီဒီယာ

1 comments:

Anonymous said...

မင်္ဂလာဈေးကတော့ သူများမတတ်လဲသူကတတ်နေတာပဲ။။

Post a Comment