Pages

Wednesday, July 18, 2012

ယာဉ်ကြောပိတ်ဆို့ရကြောင်းမှာ ကားသစ်တင်သွင်းမှုတစ်ခုတည်းကြောင့်မဟုတ်ဟု မထသ(ဗဟို)အတွင်းရေးမှူး ဦးကာကျော် ရှင်းလင်းပြောကြား




ရန်ကုန်မြို့တွင်းရှိ ကားလမ်းမဘေးတွင် စည်းကမ်းမဲ့ယာဉ်ရပ်နားမှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း မထသ(ဗဟို)အတွင်းရေးမှူး ဦးကာကျော်က ဇူလိုင်လ (၁၈)ရက်နေ့တွင် မထသ (ဗဟို) ကော်မတီနှင့် မီဒီယာများ   တွေ့ဆုံချိန်၌ ပြောဆိုခဲ့သည်။


အိုဟောင်းယာဉ်အပ်နှံ၍ ပြောင်းလဲအသုံးပြုလာသည့် ကားသစ်များကြောင့်သာ ကားပိတ်ဆို့ခြင်းမဟုတ်ဘဲ စည်းကမ်းမဲ့ ကားထိုးရပ်ထားခြင်းကြောင့် ယာဉ်ပိတ်ဆို့မှုသည်လည်း(၅၀%)ခန့်ပါဝင်ကြောင်း သိရှိရသည်။
 
 “အခု ဒီမှာ ကားတွေပိတ်နေတာ ကားသစ်တွေတင်သွင်းလို့ချည်းပဲ မဟုတ်ပါဘူး။ ကားတွေ စည်းမဲ့ကမ်းမဲ့ရပ်လို့ လမ်းတွေပိတ်တာက (၅၀%)လောက်ရှိပါတယ်။” ဟု မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ရေး ကော်မတီ(ဗဟို)မှ ဦးကာကျော်က ပြောသည်။

ထိုကဲ့သို့ လမ်းဘေးတွင် ယာဉ်များစည်းမဲ့ကမ်းမဲ့ရပ်ခြင်းသည် ဖမ်းဆီးအရေးယူမှုများအားနည်းနေခြင်းကြောင့်ဖြစ်သလို ယာဉ်မောင်းသူများ၏ ကိုယ်ပိုင်အသိအားနည်းနေခြင်းကြောင့် ဖြစ်သည်ဟု  မထသ(ဗဟို) က သိရသည်။

ရန်ကုန်မြို့တွင်းရှိ ယာဉ်ကြောပိတ်ဆို့မှု အများဆုံးနေရာများမှာ ဘုရင့်နောင်လမ်းဆုံ၊ တာမွေလမ်းဆုံနှင့် လှည်းတန်းမီးပွိုင့် တ၀ိုက်တို့ ဖြစ်ကြောင်း သိရှိရသည်။

ယာဉ်စည်းကမ်း ကြီးကြပ်ရေး ကော်မတီ မှလည်း ကားလမ်းပိတ်ဆို့မှု လျော့နည်းစေရန် ကားလမ်းမကြီးများ၌ ကားမရပ်ရန် နံနက် (၈း၀၀) နာရီမှ (၁၀း၀၀) နာရီထိ တစ်ကြိမ်နှင့် ညနေ (၄း၀၀)နာရီမှ (၆း၀၀)နာရီထိ တစ်ကြိမ် စုစုပေါင်းအချိန် နှစ်ချိန်အတွင်း ကားများမရပ်ရန် သတ်မှတ်ထားကြောင်း သိရှိရသည်။
 
ရန်ကုန်တိုင်းအစိုးရအဖွဲ့မှလည်း ဇူလိုင် လဆန်းမှစ၍ မြေနီကုန်း၊ ဘုရင့်နောင်၊ သင်္ဃန်းကျွန်း၊ သံသုမာစသည့် မှတ်တိုင်ဟောင်း  (၁၄)ခုတွင် ဘတ်စ်ကားများ  မရပ်တန့်ရကြောင်း အမိန့်ထုတ်ပြန်ခဲ့ပြီး စည်ပင်နှင့် ရဲများမှစောင့်ကြပ်လျက်ရှိကြောင်းကိုလည်း သိရှိရသည်။

Ref: မြစ်မခမီဒီယာ

0 comments:

Post a Comment