Pages

Wednesday, July 18, 2012

အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၏ ပါရမီဖြည့်ဖက် သူနာပြုချုပ် မဟာသီရိသုဓမ္မဒေါ်ခင်ကြည်


ဇူလိုင်လ ၁၈၊ ရန်ကုန်မြို့။

တစ်နေ့ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ဗိုလ်ချိုရပ်ကွက်မှာရှိတဲ့မြို့နယ်သားဖွားဆေးရုံ (ယခင်ဒေါ်ခင်ကြည်ဆေးရုံ)  ကို ဇနီးဖြစ်သူ၏ သူငယ်ချင်းသားဖွားသဖြင့် သတင်းမေးရန်မိသားစုနှင့်
အတူ ရောက်ခဲ့သည်။



ဆေးရုံမှာ ယခင်ပုံစံနှင့် မတူလွန်ခဲ့သော နှစ်နှစ်ခန့်က နိုင်ငံတော်မှပြန်လည်ပြုပြင်ထားပြီး သပ်သပ်ရပ်ရပ်   ဖြစ်လျက်ရှိ သည်ကို တွေ့ရသည်။ဇနီးဖြစ်သူဆေးရုံထဲ သတင်းမေးစဉ်အပြင်မှာ ကျန်ခဲ့သော သားဖြစ်သူကဆေးရုံအမည်ကို    အဘယ်ကြောင့် ဒေါ်ခင်ကြည်ဆေးရုံလို့ခေါ်တဲ့အကြောင်းဒေါ်ခင်ကြည်
ဘယ်သူလဲဟု မေးလာခဲ့သည်။

ထိုအခါ ကျွန်တော်က သားဖြစ်သူအားဒေါ်ခင်ကြည်ဆိုတာ အမျိုးသားခေါင်းဆောင်းကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီးမဟာသီရိသုဓမ္မဒေါ်ခင်ကြည်ဖြစ်ကြောင်း၊ ဒေါ်ခင်ကြည်ကိုယ်တိုင်ဖွင့်
လှစ်ပေးခဲ့လို့ ဒေါ်ခင်ကြည်ဆေးရုံလို့    ယခင်ကတည်းက   ခေါ်တဲ့အကြောင်းရှင်းလင်းပြောကြားခဲ့ရသည်။



ယနေ့ထုတ်ဝေနေတဲ့  သတင်းဂျာနယ်အတော်များများတွင် အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းနှင့် သမီးဒေါ်အောင်ဆန်းစုကြည်တို့၏ ရုပ်ပုံများ၊သတင်းများကို မြင်တွေ့နေရသော်
လည်း ဗိုလ်ချုပ်ဇနီး ဒေါ်ခင်ကြည်နှင့် ပတ်သက်၍ဖေါ်ပြချက်များအလွန်နည်းပါးကြောင်း တွေ့ရှိရပါသည်။



သို့ပါ၍ ကျွန်တော့်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ပါရမီဖြည့်ဖက်ဒေါ်ခင်ကြည်နှင့် ပတ်သက်၍   လေ့လာ သိရှိသမျှကို   ရေးသားတင်ပြသွားပါမည်။ကျွန်တော်သည် အမေဒေါ်ခင်ကြည် မကွယ်လွန်မီ တစ်နှစ်ကျော်လောက်ကဆရာသမားတစ်ဦးနှင့် အတူနေအိမ်တွင်သွားရောက်တွေ့ဆုံဂါရ၀ပြုဖူးပါသည်။
ကျွန်တော့်ဘ၀တွင်အပျော်ဆုံးနေ့တစ်နေ့ဖြစ်ခဲ့သည်။အမေဒေါ်ခင်ကြည်သည် ခင်မင်စရာကောင်းပြီး ကြည်လင်သော မျက်နှာနှင့်မြင့်မြတ်သော နှလုံးသားပိုင်ရှင်တစ်ဦးဖြစ်ကြောင်း တွေ့ရှိရသည်။


အမေဒေါ်ခင်ကြည်နှင့် ပတ်သက်၍တင်ပြရလျှင် မဟာသီရိသုဓမ္မဒေါ်ခင်ကြည်အားခရစ်နှစ်  ၁၉၁၂-ခုနှစ်၊ ဧပြီလ(၁၆)ရက်နေ့ မိဘများ၊မိဘများဖြစ်ကြသောဦးဖိုးညှင်း-ဒေါ်ဖွားစုတို့က ဧရာဝတီတိုင်း၊ မြောင်းမြမြို့
တွင်မွေးဖွားခဲ့ပါသည်။



 ၂၀၁၂ ဧပြီလ(၁၆)ရက်နေ့တွင်နှစ်(၁၀၀)တိုင်ခဲ့ပြီ ဗုဒ္ဓဘာသာဖြစ်သည်။ဗမာလူမျိုးဖြစ်သည်။ မွေးချင်း
(၁၀)ယောက်တွင် အဋ္ဌမမြောက်ဖြစ်ပြီးရန်ကုန်မြို့ကြည့်မြင်တိုင်မြို့နယ် ABM High School (ယခု အ.ထ.က (၁)ကြည့်မြင်တိုင်)မိန်းခလေးကျောင်းတွင် စတင်ပညာသင်ကြားခဲ့ပြီးနောက်မော်လမြိုင်မြို့မော်တင်
လိန်းဆရာအတက်သင်ကျောင်းသို့ တက်ရောက်ခဲ့သည်။



 မြောင်းမြမြို့ အမျိုးသားကျောင်း၌ ဆရာမအဖြစ် နှစ်အနည်းငယ်ကြာအမှုထမ်းခဲ့ပြီး။  မိမိ၏ ဗီဇနှင့်ပါရမီ
ကိုက်ညီသော သူနာပြုဆရာမအလုပ်ကိုလုပ်ကိုင်နိုင်ရန် ရန်ကုန်ဆေးရုံကြီးနှင့်ဒပ်ဖရင်ဆေးရုံတို့တွင် သူနာပြုသင်တန်းများ တက်ရောက်ခဲ့သည်။



သူနာပြုဆရာမသင်တန်းဆင်းပြီး ရှေးဦးစွာရန်ကုန်ပြည်သူ့ဆေးရုံကြီး၌သူနာပြုဆရာမအဖြစ် တာဝန်
ထမ်းဆောင်ခဲ့သည်။ ထိုစဉ်ကဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားရာ ကလကတ္တားသို့ လူနာအချို့အား
 ပြောင်းရွှေ့ပေးသောအဖွဲ့၌ စေတနာဝန်ထမ်းအဖြစ် ပါဝင်ခဲ့ပြီး စစ်မီးမကူးခင်အန္ဒိယမှမြန်မာနိုင်ငံသို့
 နောက်ဆုံးသင်္ဘောဖြင့် ပြန်လည်လိုက်ပါလာခဲ့သည်။



 ၁၉၄၂ ခုနှစ်တွင် စစ်ကြီးအတွင်း မြန်မာနိုင်ငံ၌ ပထမဆုံးဆေးရုံကိုဖွင့်လှစ်ခဲ့သော  အဖွဲ့ဝင်တစ်ဦးအဖြစ်
 ရှေ့တန်းမှပါဝင်သည်။ ယင်းကာလမှာပင်သူနာပြုချုပ်အဖြစ်တာဝန်ထမ်းဆောင်နေစဉ်ဆေးရုံ၌ လူနာအဖြစ်ဆေးလာကုသော ဗိုလ်ချုပ်အောင်ဆန်းနှင့်   တွေ့ဆုံမေတ္တာမျှခဲ့ပြီး ၁၉၄၂ ခုနှစ်စက်တင်ဘာ
(၁၆) ရက်နေ့တွင် ထိမ်းမြားလက်ထပ်ခဲ့သည်။



ထိမ်းမြားလက်ထပ်ပြီးနောက်ပိုင်းတွင်လည်းခင်ပွန်းဖြစ်သူဗိုလ်ချုပ်အောင်ဆန်းအတွက် တာဝန်အကျေဆုံး
ပါရမီဖြည့်ဖက်ဖြစ်ခဲ့သည်။ အိမ်ထောင်သက် ငါးနှစ်အတွင်းသားနှစ်ယောက်သမီးတစ်ယောက်အပြင် သမီးကလေးတစ်ယောက်ထပ်မံထွန်းကားခဲ့သေးသည်။ငါးရက်မျှရသေးချိန်တွင် ကွယ်လွန်သွားခဲ့သည်။
ခင်ပွန်းဖြစ်သူကွယ်လွန်ပြီးနောက်တွင်လည်း နိုင်ငံတော်အတွက်တာဝန်များထမ်းဆောင်ခဲ့ရာ  ၁၉၄၇- မှ၁၉၅၂ ခုနှစ်အထိလွှတ်တော်အမတ်ဖြစ်ခဲ့သည်။



၎င်းနောက် ၁၉၅၀ ခုနှစ်များတွင်လည်း မြန်မာအမျိုးသမီးများအသင်းဥက္ကဋ္ဌနှင့်အခြားသော လူမှုအဖွဲ့အစည်းများတွင်လည်း   ခေါင်းဆောင်ဖြစ်ခဲ့ကြောင်းလေ့လာသိရှိရသည်။ ၁၉၆၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်ခြင်းခံရပြီး နီပေါနိုင်ငံသံအမတ်ကြီး
အဖြစ်လည်းကောင်းပူးတွဲ တာဝန်ပေးအပ်ခြင်းခံရသည်။



ထို့အပြင် ဒေါ်ခင်ကြည်သည် လူမှုရေးလုပ်ငန်းများ၌ထူးသောပါရမီရှင်တစ်ဦးဖြစ်ခဲ့ရာ ၁၉၄၇ ခုနှစ်မှ ၁၉၅၃ ခုနှစ်အထိမိခင်နှင့်ကလေးများစောင့်ရှောက်ရေးဘုတ်အဖွဲ့ညွှန်ကြားရေးဝန်အဖြစ်လည်းကောင်း၊  နိုင်ငံတော်အစိုးရ လူမှုစီမံကိန်းကော်မရှင်က ၁၉၅၈ ခုနှစ်အထိ သဘာပတိ၊ သူနာပြုနှင့် ၀မ်းဆွဲဆရာမအသင်းနာယက အဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။


 ပြည်ထောင်စု လူမှုဝန်ထမ်းကောင်စီတွင် ၁၉၅၂ ခုနှစ်မှစ၍ ဥက္ကဋ္ဌ၊ကိုယ်ဝန်ဆောင်နှင့် ကလေးစောင့်ရှောက်ရေး အမျိုးသားကောင်စီတွင် ၁၉၅၄ မှစ၍ဥက္ကဋ္ဌ၊ ကလေးသူငယ်များ
 စောင့်ရှောက်ရေး ကောင်စီတွင်ဥက္ကဋ္ဌ၊စာရိတ္တမြှင့်တင်ရေး၊ ကျန်းမာရေးအဖွဲ့တွင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသမီးများအသင်းတွင် ၁၉၅၃ ခုနှစ်မှစ၍ ဒုတိယဥက္ကဋ္ဌ၊
မိခင်နှင့်ကလေးများ စောင့်ရှောက်ရေး အသင်းများတွင် ဥက္ကဋ္ဌ၊ အမျိုးသားသတင်းထောက်အဖွဲ့တွင် မင်းကြီးချုပ် အငယ်တန်းကြက်ခြေနီသူနာပြု အသင်းတွင်ညွှန်ကြားကြားရေးဝန်၊ မြန်မာနိုင်ငံ
သူနာပြုတပ်တွင် ၁၉၅၂မှစ၍အမျိုးသမီး  အုပ်ချုပ်ရေးမှူး စသည့်တာဝန်များထမ်ဆောင်ခဲ့သည့်ပြင် ၁၉၅၃ခုနှစ်၊ ဇန်န၀ါရီ(၂၅)နေ့တွင် ကျင်းပသော လူမူဝန်ထမ်း ညီလာခံတွင်ဧည့်ခံကော်မတီဥက္ကဋ္ဌ
အနေဖြင့် မိန့်ခွန်းပြောကြားခဲ့ရာတွင်` စစ်ပြီးကမ္ဘာအရပ်ရပ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းပြည် အသီးသီး၌လုပ်ဆောင်ရာမှာ စီးပွားရေးနှင့် လူမှုရေးရာများကို တစ်ချိန်တည်းစတင်
လုပ်ကိုင်နေသည်ကို တွေ့ရသည်။



 စစ်ပြီး ပြည်တွင်းစီးပွားရေး ပျက်ပြားမှုကြောင့် လူမှုရေးပြဿနာအမျိုးမျိုးပေါ်ပေါက်လျက်ရှိရာ ဤလူမှုရေးပြဿနာ အမျိုးမျိုးတို့ကို ယင်းညီလာခံသို့တက်ရောက်လာသူများနှင့် ဧည့်သည်တော်များပါ ၀ိုင်းဝန်း၍ဖြေရှင်းရန်တာဝန်ရှိလာပါကြောင်း တချို့သော ပြဿနာများကိုကာကွယ်စောင့်ရှောက်ပေးခြင်းဖြင့် တိုင်းပြည်လူထုသို့ အန္တရာယ်မဖြစ်စေရန်
ဆောင်ရွက်ရာမှာ နိုင်ငံတော်အစိုးရကိုသာ လုံးဝအားကိုးရာ မဖြစ်နိုင်ပါ။တိုင်းပြည်လူထုကပါ ၀ိုင်းဝန်းကူညီရပါမည်ဟု ထည့်သွင်းပြောကြားခဲ့ကြောင်းလေ့လာသိရှိရ ပါသည်။



ဗိုလ်ချုပ်ကွယ်လွန်ပြီးနောက်ပိုင်းတွင် ဒေါ်ခင်ကြည်သည်သူ့မိသားစုနှင့်အတူခြိုးခြိုးခြံခြံနေထိုင်ပြီး တက္ကသိုလ် ရိပ်သာလမ်းရှိခြံအတွင်း၌ သီးပင်စားပင်၊ ပန်းအလှပင်များကို ဈေးဖိုးကာမီအောင်စိုက်ပျိုး၍ ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးစဉ်ကအာဇာနည်ကြီးများရဲ့ ဇနီးကိုထောက်ပံ့ခဲ့သည်။


ပင်စင်လစာနှင့် ၎င်း၏ သံအမတ်ကြီးပင်စင်လစာ၊ နိုင်ငံဂုဏ်ရည်ပင်စင်နှင့်အစိုးရလုပ်သက်ပင်စာ
လစာများနှင့် လုံလောက်စွာ နေထိုင်စားသောက်ခဲ့ပြီးနိုင်ငံတော်မှ မဟာသီရိသုဓမ္မဘွဲ့ချီမြှင့်ခြင်းခံရကာ ၁၉၈၈ ခုနှစ်ဒီဇင်ဘာ(၂၇)နေ့တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ရာတွင်အသက်
(၇၆)နှစ်ဖြစ်ကြောင်း ရေးသားတင်ဆက် အပ်ပေသည်။


တင့်လွင်(မြစ်မခ)

0 comments:

Post a Comment