Pages

Wednesday, July 18, 2012

မှန် (ကဗျာ)

မှန်

ဆောင်းရနံရကတည်းက
ထိမ်းလို့မရနိုင်အောင်
ခုန်းဆင်းလာတဲ့ နှင်းစက်တွေ
မိုးရနံရကတည်းက
တားဆီးလို့မရနိုင်အောင်
ပြေးထွက်သွားတဲ့ချစ်သူ..............

အခု
ငါ့ရင်ထဲမှာ
မီးပုံပွဲတွေကျင်းပနေကြပြီ
ရုးသွပ်ခြင်းလို့ပဲပြောပြော
ရုသွပ်မိနေတာအမှန်ပဲ..................

နေထွက်တယ်
နေ၀င်တယ်
သံသရာစက်ဝိုင်းဟာတခါခါ
အန်ထုတ်ခြင်းနဲ့မျိုချခြင်း
လစ်ဟာမှုန်မှုန်ဝါးဝါး ဖျော့တော့တော့
မှုမှန်တဲ့စာရွက်တစ်ရွက်လို
ခေါက်ချိုးလိုက်တော့
လှိုက်လှိုက်တုန်အောင်လဲကျ
ပြန်ထရတာမောတယ်။


ကိုလတ်(ပန်ဘဲတန်း)




ကျွန်တော်ဆိုဒ်ထဲမှာ ကဗျာများ တဆင့်ပြန်လည် Share လိုလျှင် ကဗျာဆရာများကိုလေးစားသော အားဖြင့် ရေးသားသူရဲ့အမည်ကိုဖော်ပြပေးစေချင်ပါတယ်။သူငယ်ချင်းအားလုံးကို ချစ်ခင်လေးစာလျှက်.......

0 comments:

Post a Comment