Pages

Wednesday, July 18, 2012

ခေါင်းဆောင်ကောင်း နှင့် တိုင်းပြည် ကံကြမ္မာ



နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးရေးတွင် ခေါင်းဆောင်၏ အခန်းကဏ္ဍသည်အရေးပါသည်။ အခရာကျ သည်။ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့သည် မြန်မာတို့၏ ခေါင်းဆောင် ကောင်း
များ ဖြစ်ခဲ့သည်။ နိုင်ငံပြန်လည်တည်ထောင်ရေး တွင် ယင်းတို့သည် ပြည်သူကို ဦးဆောင်ဦး ရွက်ပြု နိုင်ခဲ့ ကြသည်။


လွတ်လပ်ရေးကာလဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံလွတ်လပ်ရေး ရဖို့အတွက် ဦးဆောင်ဦး ရွက် ပြုခဲ့ သည်။ ခေါင်းဆောင်မှု အရည်အသွေးကို ထုတ်ပြခဲ့သည်။
ခေါင်းဆောင်ကောင်းတို့ ရှိရမည့်စံ ကို ချပြခဲ့ သည်။ ယင်းစံကို ပြည်သူတွေ က လက်ခံခဲ့သည်။
 အင်းဝခေတ်မြန်မာစစ်သည်တော်များ

လွတ်လပ်ရေးခေတ်မှ ယနေ့ဒီမိုကရေစီခေတ် မတိုင်မီကာလအထိ မြန်မာနိုင်ငံတွင် ခေါင်းဆောင်ပြတ် လပ်မှု (Leadership Vaccum) ကြုံခဲ့သည်။ နှစ်ပေါင်း ၆၀ ကျော်ကြာခဲ့သည်။ ခေါင်းဆောင် ပြတ်လပ်မှု (Lead-ership Vaccum) ကြောင့် နိုင်ငံဖွံ့ဖြိုးမှုနောက်ကျခဲ့သည်။ ယင်းကို ဗိုလ်ချုပ်အောင်ဆန်း လက်ထက် ခေတ်ပြိုင် နိုင်ငံ များနှင့် ယနေ့ချိန်ခါကို ချိန်ထိုးကြည့်က သိနိုင်ပေ သည်။

ယင်းမှာနှစ်ပေါင်း ၆ဝကျော်ကြာခဲ့သော ခေါင်း ဆောင်ပြတ်လပ်မှုကိုမဖြည့်ဆည်းနိုင်ခဲ့သောအကျိုးဆက် တစ်ခု ပင်ဖြစ်သည်။ ခေါင်းဆောင်မှုဆိုသည်မှာ အများ၏ ယုံကြည် ကိုးစားမှု၊ လေးစားမှုများကို ရရှိအောင် စွမ်းဆောင်နိုင်ပြီး ပြည်သူ၏လိုအင်(ရည်မှန်းချက်)ကို အောင်မြင်ပေါက် မြောက်အောင် ထောက်ပံ့ ပေး နိုင်မှုဖြစ်သည်ဟု အဓိပ္ပာယ် ဖွင့်ဆိုကြသည်။

အများ ပြည်သူ၏ အကျိုးအတွက်ရှေးရှုပြီး မှန် ကန်သည့် ခေါင်းဆောင်မှုနှင့်ဦးဆောင်သူ သည် ခေါင်း ဆောင်ပင် ဖြစ်သည်။ မြန်မာလူမျိုး တို့သည် ဗိုလ်ချုပ်၏ခေါင်းဆောင် မှုစံကို လက်ခံကြသည်။ ခေါင်းဆောင် ဟု ဆိုလိုက်သည် တွင် ဗိုလ်ချုပ်၏ ခေါင်းဆောင်မှုစံဖြင့် ချိန်ထိုးကြ သည်။

မကြာသေးမီလပိုင်းကဖြစ်သည်။ နိုင်ငံပိုင်သတင်းစာ၏ ဆောင်းပါးတစ်ပုဒ်တွင် ဖြစ်သည်။ လက်ရှိချိန်ခါ တွင် မြန်မာနိုင်ငံ ၌ ခေါင်းဆောင် နှစ်ယောက် ပေါ်ထွန်းနေသည်ဟု  ဆိုသည်။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ကို ဆို လိုခြင်းဖြစ် သည်။ ခေါင်းဆောင်နှစ်ဦး၏ ဆောင်ရွက် ချက်များ သည် မြန်မာနိုင်ငံ၏ အနာဂတ် ကို ပုံဖော်ပေး ကြပေလိမ့်မည်ဟု ဆို သည်။
ယင်းနှစ်ဦးတို့သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့သော ခေါင်းဆောင်ပြတ်လပ်မှု ကို ဝင် ဖြည့်ဆည်းပေး  ခဲ့ကြသူ များ ဖြစ်သည်။   ဒီမိုကရေစီလမ်းကြောင်း ပေါ် ခရီးဆက် နေပေသည်။ နိုင်ငံကို ပိုမိုဖွံ့ဖြိုးအောင်၊ တိုးတက်အောင် လုပ်ဆောင်ရေး တွင် ခေါင်းဆောင်၏ အခန်း ကဏ္ဍသည် အရေးပါသည်။ အခရာကျသည်။ ခေါင်းဆောင်များ၏ လုပ်ဆောင်ချက်များ သည် တိုင်းပြည်  ကြမ္မာနှင့် ဆက်နွှယ်နေပေသည်။ ထို့ကြောင့် ခေါင်းဆောင်များအနေဖြင့် ခေါင်း ဆောင်များ တွင် ရှိရမည့်စံများဖြင့် ပြည်သူ့အကျိုး၊ နိုင်ငံ့ အကျိုး ကို ဖော်ဆောင်ပေးဖို့ လိုပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။



''ပြည်သူတွေကို ကျွန်ုပ်နာခံရမယ်၊ ဘာလို့လဲ ဆိုတော့ ကျွန်ုပ်ဟာ သူတို့ရဲ့ ခေါင်းဆောင်မဟုတ်လား''

(ဘင်ဂျမင်းဒစ္စရေလီ)

Ref: Popular Myanmar Media  အယ်ဒီတာ

0 comments:

Post a Comment

 
world time