Pages

Monday, July 23, 2012

အမျိုးသမီးများ သွေးဆုံးချိန်တွင် အရိုးပွရောဂါဖြစ်ပွားနိုင်


အမျိုးသမီးများသွေးဆုံးချိန်တွင် အရိုးပွရောဂါဖြစ်ပွားတတ်သဖြင့်ဂရုပြုနေထိုင်သင့်ကြောင်း အထူးကုဆရာဝန်ကြီးများက သုံးသပ် ပြောဆိုကြသည်။
 
သွေးဆုံးချိန်တွင် အမျိုးသမီးများမှာလှုပ်ရှားမှုအားနည်းလာခြင်းကြောင့်အရိုးပွရောဂါနှင့်   နောက်ဆက်တွဲရောဂါများဖြစ်ပွား ရခြင်းဖြစ်ကြောင်း သိရသည်။
 
“အမျိုးသမီးတွေ သွေးဆုံးချိန်ဆိုရင် အရိုးပွရောဂါ၊နှလုံးသွေးကြောကျဉ်းရောဂါတို့ဖြစ်တတ်တာကို တွေ့ရ
တယ်။   သွေးဆုံးချိန်မှာအဲလိုရောဂါတွေမဖြစ်အောင် ကြိုတင်ပြင်ဆင်ပြီး ဂရုပြုနေထိုင်သင့်တယ်” ဟုသားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင်က ပြောသည်။
 
အမျိုးသမီးများအနေဖြင့် ကြွက်သားများသန်မာစေသော လမ်းလျှောက်ပေးခြင်း၊အရိုးများ သန်မာစေသော ပဲနို့၊ နို့များ    နေ့စဉ်သောက်သုံးသင့်ကြောင်း၊ပဲပိစပ်၊ တို့ဟူး၊ ပဲပြားစသည့် သဘာဝအားများဖြစ်သော အစားအစာများစားသုံးသင့်ကြောင်း၊ ကယ်လ်စီယမ်ဓါတ်ပါသောငါးလေးများအားစားသုံးခြင်းဖြင့်   သွေးဆုံးချိန်တွင်ခံစားရမည့်   ရောဂါဝေဒနာများ အားကာကွယ်နိုင်ကြောင်းကိုလည်း သိရှိရသည်။



   
အမျိုးသမီးများတွင် အသက် ၄၅နှစ်မှ ၅၀ကျော်တွင်း သွေးဆုံးလေ့ရှိကြောင်း၊သွေးဆုံးခြင်း(ရာသီမလာခြင်း)
 ကြောင့် သားဥမကြွေတော့ပဲ ကလေးမရနိုင်ခြင်း၊သားဥမကြွေခြင်းကြောင့် ဟော်မုန်းများ ထွက်မလာနိုင်
တော့ပဲ ပူခြင်းချမ်းခြင်းဖြင့် မီးယပ်ချမ်းထခြင်း၊ ညအိပ်နေချိန်တွင် ချွေထွက်များခြင်း၊စိတ်အပြောင်းအလဲ
များ ဖြစ်ပေါ် ခြင်း၊ မျိုးပွားအဂါင်္မွေးလမ်းကြောင်းသွေး ခမ်းခြောက်ကာ ဆီးမထိမ်းနိုင်ခြင်းစသည့် လက္ခဏများဖြစ်ပေါ်တက် ကြောင်းဆရာဝန်ကြီးများ ပြောပြချက်အရသိရသည်။
 
“ကျွန်မတို့ အမျိုးသမီးတွေဟာ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အသိပညာတွေနည်းပါးနေတာတွေကို  တွေ့ရ ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးအသိပညာပေးဖို့လိုပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ ကျန်းမာလာရင် သူရဲ့စွမ်းဆောင်ရည်တွေဟာ သူ့အတွက်တင်သာမက သူ့မိသားစု၊ သူ့နိုင်ငံအတွက်ပါ ပြည့်ဝစွာသုံးနိုင်ပြီး
တော့ အကျိုးအင်မတန်ရှိပါတယ်” ဟု မြန်မာအမျိုးသမီးများအသင်းစွမ်းဆောင်ရှင်များ အသင်းမှ အကြံပေး ဆရာမကြီး ဒေါက်တာဒေါ်ခင်အေးဝင်းကပြောသည်။
 
အမျိုးသမီးများတွင် ကျန်းမာရေးအသိပညာဗဟုသုတများ တိုးပွားလာစေရန်၊အမျိုးသမီးများအနေဖြင့် မိမိတို့၏ မ သဘာဝဆိုင်ရာကိစ္စရပ်များနင့်ပတ်သက်၍လွတ်လွတ်လပ်လပ်တာဝန်သိစွာ ဆုံးဖြတ်ပိုင်ခွင့်နှင့်စောင့်ရှောက်နိုင်ခွင့်ရှိကြောင်း သိရှိနားလည်ရန် ကျန်းမာရေး ဟောပြောပွဲများတက်ရောက်သင့်ကြောင်း ဆရာဝန်ကြီးများက သုံးသပ်ပြောသည်။

ယမင်း(မြစ်မခ)

0 comments:

Post a Comment