Pages
Monday, July 23, 2012
မုံရွာမြို့  အ.ထ.က (၂) နှစ်ထပ်ကျောင်းဆောင် ဝရန်တာ ကြမ်းခင်းပြိုကျ၊ ကျောင်းသူ ၃ဝ ခန့်  ဒဏ်ရာရမှု ဖြစ်ပွား
Photo: နှစ်ထပ်ကျောင်းဆောင် ဝရန်တာ ကြမ်းခင်းပြိုကျမှု ဖြစ်ပွားခဲ့သာ မုံရွာမြို့  အ.ထ.က (၂)  ရှေ့ မြင်ကွင်း
ယနေ့ ဇူလိုင်၂၃ ရက်နေ့ တွင်မုံရွာမြို့  အ.ထ.က (၂) နှစ်ထပ်ကျောင်းဆောင် ဝရန်တာ ကြမ်းခင်း
 ပြိုကျကာကျောင်းသူ ၃ဝ ခန့်  ဒဏ်ရာ ရမှုဖြစ်ပွားခဲ့ ကြောင်း သတင်း ရရှိသည်။
"နံပါတ်ခြောက်အချိန် မှာ ဖြစ်သွားတာပါ။ နေ့  ၂ နာရီခွဲကျော်ကျော်မှာပေါ့ ။ ကြမ်းခင်းပြိုကျတဲ့  ၂ ထပ်ကျောင်းဆောင်မှာက ကျောင်းအုပ်ကြီးရုံးခန်းရှိတော့  ကျောင်းအုပ်ကြီးကို သွားကန်တော
 နှစ်ယောက်တစ်တွဲ တန်းစီသွားတာ ယောင်္ကျားလေးတွေကတော့  ကျောင်းအုပ်ကြီး ရုံးခန်းထဲ ရောက်ပြီး
ကြပြီ။ မိန်းကလေးတွေက နှစ်ယောက်တစ်တွဲသွားရာကနေ ဝရန်တာ ကြမ်းခင်းက ဆွေးနေတော ဝုန်းကနဲ
 ပြုတ်ကျသွားတယ်။
 အောက်မှာ မီးကြိုးကြီး တစ်ချောင်းခံနေလို့  ကလေးတွေအကျ သက်သာတယ် ဆိုရမှာပါ။" ဟု အ ထ က ၂ မှ မျက်မြင်တွေ့ ရှိခဲ့ သူ ကျောင်းဆရာမ တစ်ဦးက ပြောပြခဲ့ သည်။
Photo: ထိခိုက်ဒဏ်ရာရ ကျောင်းသူများကို မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးတွင် တွေ့ရစဉ်
photo 1
Photo: နှစ်ထပ်ကျောင်းဆောင် ဝရန်တာ ကြမ်းခင်းပြိုကျမှု ဖြစ်ပွားခဲ့သာ မုံရွာမြို့  အ.ထ.က (၂)  ရှေ့ မြင်ကွင်း
photo 2
Photo: ထိခိုက်ဒဏ်ရာရ ကျောင်းသူများကို မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးတွင် တွေ့ရစဉ်
photo 3
Eleven Media Group:
0 comments:
Post a Comment