Pages

Tuesday, June 19, 2012

အမျိုးသား ဒီမိုကရေစီအင်အားစု NDF ရဲ့ ဗဟိုကော်မတီအစည်းအဝေး အောင်မြင်စွာပြီးဆုံး


အမျိုးသား ဒီမိုကရေစီအင်အားစု NDF ရဲ့ ဗဟိုကော်မတီအစည်းအဝေး အောင်မြင်စွာပြီးဆုံး

အစည်းဝေးပွဲကျင်းပနေစဉ်


ဒီလ(၁၆)ရက်ကစတင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ရဲ့ ဗဟိုကော်မတီအစည်းအဝေး ဟာ ဒီကနေ့ပြီးဆုံးပါတယ်။

အဲဒီဗဟိုကော်မတီအစည်းအဝေးမှာ နိုင်ငံအနှံက ဗဟိုကော်မတီဝင်တွေတက်ရောက်ကြသလို ပဲခူးမြို့က လမ်းပြကြယ်အဖွဲ့ခေါင်း
ဆောင် လူ့အခွင့်အရေးရှေ့နေကြီး ဦးအေးမြင့် ကလည်း ပါတီဝင်အဖြစ် တက်ရောက်ကြပါတယ်။

အဲဒီဆွေးနွေးပွဲကနေ တတိုင်းတပြည်လုံးနဲ့ဆိုင်တဲ့ ပဋိပက္ခ္ခတွေကို အရေးပေါ် ဖြေရှင်းရေး ဆိုင်ရာ ဥပဒေတွေ၊ လယ်ယာမြေဓမ္မသိမ်းယူမှုဖြေရှင်းရေးဆိုင်ရာ ဥပဒေတွေ၊ အလုပ်သမား နဲ့ အလုပ်ရှင် ၀ါနိစ္စပဌိပက္ခဖြေရှင်းရေးဆိုင်ရာ ဥပဒေတွေကို မကြာခင်ကျင်းပတော့မယ့်လွှတ်တော်မှာ တင်ပြဖို့ ဆုံးဖြတ်ကြပါတယ်။

ဆွေးနွေးပွဲမှာ NDF ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေ က သူတို့ပါတီက နုတ်ထွက်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိပေမဲ့ ပါတီဟာ အားနည်းမသွားကြောင်း ပြောဆိုပါတယ်။
RFA (Burmese)

0 comments:

Post a Comment