Pages

Tuesday, June 19, 2012

Microsoft ၏ Surface Tablet ကွန်ပျူတာ မိတ်ဆက်ပြသ

Microsoft ၏ Surface Tablet ကွန်ပျူတာ မိတ်ဆက်ပြသ


Microsoft ကော်ပိုရေးရှင်းကြီးသည် ၎င်းတို့ အသစ်ထုတ်လုပ်မည့် Windows 8သုံး Tablet ကွန်ပျူတာ အမျိုးအစားသစ်ကို မိတ်ဆက် ပြသလိုက်သည်။ မဟာပြိုင်ဘက် Apple၏ Tabletများဖြစ်သော iPadတို့သည် ကမ္ဘာ့ဈေးကွက်တွင် ကြီးစိုး မင်းမူနေခြင်းကို တုံ့ပြန်ရန်အတွက် OSစနစ် မတူညီသည့် Microsoft Surface Proနှင့် Microsoft Surface RT အမျိုးအစား Tablet ကွန်ပျူတာများအား အမေရိကန် ကုမ္ပဏီကြီးက ထုတ်လုပ် ရောင်းချမည် ဖြစ်သည်။ Tablet ကွန်ပျူတာများတွင် အသုံးပြုသော OSများအတွက် လတ်တလောတွင် iOSနှင့် Androidတို့က အဓိက အောင်မြင်နေသော်လည်း Windows 8သည် ယင်းတို့ကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ရန် Microsoftက မျှော်လင့်ထားသည်။

"လူတွေနဲ့ စက်တွေကြားက ဆက်နွယ်မှုဟာ Softwareနဲ့ Hardwareဆိုင်ရာ ထိတွေ့မှု အတွေ့အကြုံတွေအရ ပိုပိုပြီး ကောင်းမွန်လာနေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ပြီးတော့ တူတူတွဲပြီး လုပ်ဆောင်နိုင်လာကြပါတယ်"ဟု Microsoft၏ အမှုဆောင်ချုပ် စတိဗ်ဘောလ်မာက ဆိုသည်။ "ဒီနေ့မှာတော့ ဒီဆက်နွယ်မှုအတွက် စိတ်လှုပ်ရှားစရာ နောက်ထပ် အရာတစ်ခုကို ကျွန်တော်တို့ ဆောင်ကြဉ်းခဲ့ပါပြီ"ဟု Surface Tabletများ မိတ်ဆက်ပွဲတွင် ဘောလ်မာက ပြောကြားသွားခဲ့သည်။



(၁၀.၆)လက်မအရွယ် Display တပ်ဆင်ထားသော အဆိုပါ Tabletသည် ကိုယ်ပိုင် Standနှင့် ရပ်တည်နိုင်ပြီး USB Portတစ်ခု ပါရှိမည် ဖြစ်သည်။ ထို့အပြင် Wi-Fi Antennaeနှင့် Multitouch နည်းပညာသုံး Keyboardနှင့် Trackpadတို့ပါ ထည့်သွင်းပေးထားသည်။ Tablet၏ အထူသည် လက်မ၀က်မျှသာ ရှိပြီး သိုလောင်မှုအတွက် 64GBနှင့် 128GB ပမာဏရှိ Flash Memoryကို ထည့်သွင်းပေးထားမည် ဖြစ်သည်။ Microsoftသည် Windows 8ကို Touchနည်းပညာနှင့် အဓိက အကျွမ်းတ၀င် ဖြစ်နေအောင် ဖန်တီးထားခြင်း ဖြစ်သည်။



Surface Tabletတွင် ရှေ့ဘက်နှင့် နောက်ဘက် ကင်မရာ တစ်ခုစီ ပါရှိပြီး Windows 8 Proနှင့် Windows RTတို့ သုံးစွဲမှု ကွဲပြားသည့်အလိုက် Processorတွင် Nvidia ARMနှင့် Intel CPUတို့ ကွဲပြားမည်ဟု သိရသည်။ Windows 8 Proကို အသုံးပြုထားသည့် Tabletတွင် Intel၏ နောက်ဆုံးပေါ် Ivy Bridge နည်းပညာသုံး Core i5 အမျိုးအစား Quad Coreကို ထည့်သွင်းထားမည် ဖြစ်ပြီး Windows RTသုံး Versionတွင်မူ Nvidia ARMကို တပ်ဆင်မည်ဟု သတင်းများက ဖော်ပြခဲ့သည်။ 

SourceUSA Today,Planet Myanmar 

0 comments:

Post a Comment