Pages

Tuesday, June 19, 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့(၆၇)နှစ်မြောက် မွေးနေ့ အထိမ်း အမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က အမေ့မေတ္တာ အခမဲ့ ပညာဒါနကျောင်း တကျောင်း ဖွင့်လှစ်

Photo: ဒေါ်အောင်ဆန်းစုကြည်ရဲ့(၆၇)နှစ်မြောက် မွေးနေ့ အထိမ်း အမှတ်အနေနဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်မှာ အမေ့မေတ္တာ အခမဲ့ ပညာဒါနကျောင်း တကျောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်က ဦးစီးပြီး ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

 ဒီအခမဲ့ပညာသင်ကျောင်းဖွင့်ပွဲနဲ့ ပတ်သက်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ ဟင်္သာတမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်ကော်မတီဝင် ဦးစောဝင်းက အခုလိုပြောပါတယ်။

“ မနက်ပိုင်းမှာ အမေစုရဲ့ မွေးနေ့မင်္ဂလာအဖြစ် မြို့ပေါ်ရှိကျောင်းပေါင်းစုံက သံဃာတော်(၁၀)ပါးကို မုန့်ဟတင်းခါးဆွမ်း ဆပ်ကပ်တယ်ပေါ့ဗျာ၊ ဒီလာတဲ့ ပရိသတ်ကိုတော့ မုန့်ဟင်းခါးနဲ့ ပဲပြုတ်နံပြားနဲ့ ဧည့်ခံကျွေးမွေးပြီးတော့
 ကျောင်းဖွင့်ပွဲအခမ်းအနားကို (၇း၁၅)မိနစ်မှာ စဖြစ်တယ်ပေါ့ဗျာ၊ အဲဒီမှာ အမေ့အိမ် ကျောင်းအုပ်ကြီး ဦးအေးဘိုနဲ့ ကျနော်တို့ ဟင်္သာတမြို့ ဓမ္မဗိမ္မာန် ကျောင်းတိုက်မှ ဆရာတော်တို့က ဖဲကြိုးဖြတ်ပြီးတော့ ဖွင့်လှစ်ပေး
တယ်၊ (၉)တန်းက အယောက်(၅၀)နဲ့ (၁၀)တန်းက (၁၀၂)ယောက်ပေါ့။ ကလေးတွေကအားလုံး ဒီကနေ့ အကုန်လာကြတယ်၊ ကျောင်းစိမ်းလေးတွေ ဝတ်ပြီးတော့ အလံလေးတွေ ဝှေ့ယမ်းပြီးတော့ အမေစု ကျန်းမာပါစေ ဆိုပြီးတော့ ၀ိုင်းပြီးဆုတောင်းကြတယ်ပေါ့နော်”

 ဒီကနေ့ကျောင်းဖွင့်ပွဲ အခမ်းအနားကို (၈၈)မျိုးဆက်ကျောင်းသား
များဖြစ်တဲ့ ကိုထွန်းမြင့်အောင်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုစိုးထွန်း၊ ကိုမာကီးနဲ့ မစုစုနွေးတို့ အပါအဝင် ပရိသတ်(၃၀၀)ခန့် တက်ရောက်ခဲ့ပြီး အလှူငွေ (၆)သိန်းကျော် လက်ခံရရှိတယ်လို့ သိရပါတယ်။

အလားတူပဲ ချောင်းသာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည့် မွေးနေ့ပွဲကို ချောင်းသာ အဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ကြပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် အသက် ၆၇ နှစ် အထိမ်းအမှတ် ဂဏန်း ၆၇ ကောင်ကို ဘေးမဲ့လွှတ်ခဲ့ကြကြောင်း၊ အရင်နှစ်တွေက
 ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဂုဏ်ပြုပွဲတွေကို ချောင်းသာမှာ လျှို့ဝှက် လုပ်ခဲ့ကြပေမယ့် ဒီနှစ်တော့ အာဏာပိုင်တွေဆီက ခွင့်ပြုချက်တောင်းပြီး NLD ရုံးမှာ အခုလို ပေါ်ပေါ်ထင်ထင် ကျင်းပတာလို့လည်း သိရပါတယ်။

ချောင်းသာမြို့ နယ်က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ပရိသတ် ၃၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့(၆၇)နှစ်မြောက် မွေးနေ့ အထိမ်း အမှတ်အနေနဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်မှာ အမေ့မေတ္တာ အခမဲ့ ပညာဒါနကျောင်း တကျောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်က ဦးစီးပြီး ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

ဒီအခမဲ့ပညာသင်ကျောင်းဖွင့်ပွဲနဲ့ ပတ်သက်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ ဟင်္သာတမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်ကော်မတီဝင် ဦးစောဝင်းက အခုလိုပြောပါတယ်။
“ မနက်ပိုင်းမှာ အမေစုရဲ့ မွေးနေ့မင်္ဂလာအဖြစ် မြို့ပေါ်ရှိကျောင်းပေါင်းစုံက သံဃာတော်(၁၀)ပါးကို မုန့်ဟတင်းခါးဆွမ်း ဆပ်ကပ်တယ်ပေါ့ဗျာ၊ ဒီလာတဲ့ ပရိသတ်ကိုတော့ မုန့်ဟင်းခါးနဲ့ ပဲပြုတ်နံပြားနဲ့ ဧည့်ခံကျွေးမွေးပြီးတော့
ကျောင်းဖွင့်ပွဲအခမ်းအနားကို (၇း၁၅)မိနစ်မှာ စဖြစ်တယ်ပေါ့ဗျာ၊ အဲဒီမှာ အမေ့အိမ် ကျောင်းအုပ်ကြီး ဦးအေးဘိုနဲ့ ကျနော်တို့ ဟင်္သာတမြို့ ဓမ္မဗိမ္မာန် ကျောင်းတိုက်မှ ဆရာတော်တို့က ဖဲကြိုးဖြတ်ပြီးတော့ ဖွင့်လှစ်ပေး
တယ်၊ (၉)တန်းက အယောက်(၅၀)နဲ့ (၁၀)တန်းက (၁၀၂)ယောက်ပေါ့။ ကလေးတွေကအားလုံး ဒီကနေ့ အကုန်လာကြတယ်၊ ကျောင်းစိမ်းလေးတွေ ဝတ်ပြီးတော့ အလံလေးတွေ ဝှေ့ယမ်းပြီးတော့ အမေစု ကျန်းမာပါစေ ဆိုပြီးတော့ ၀ိုင်းပြီးဆုတောင်းကြတယ်ပေါ့နော်”

ဒီကနေ့ကျောင်းဖွင့်ပွဲ အခမ်းအနားကို (၈၈)မျိုးဆက်ကျောင်းသား
များဖြစ်တဲ့ ကိုထွန်းမြင့်အောင်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုစိုးထွန်း၊ ကိုမာကီးနဲ့ မစုစုနွေးတို့ အပါအဝင် ပရိသတ်(၃၀၀)ခန့် တက်ရောက်ခဲ့ပြီး အလှူငွေ (၆)သိန်းကျော် လက်ခံရရှိတယ်လို့ သိရပါတယ်။

အလားတူပဲ ချောင်းသာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည့် မွေးနေ့ပွဲကို ချောင်းသာ အဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အသက် ၆၇ နှစ် အထိမ်းအမှတ် ဂဏန်း ၆၇ ကောင်ကို ဘေးမဲ့လွှတ်ခဲ့ကြကြောင်း၊ အရင်နှစ်တွေက
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဂုဏ်ပြုပွဲတွေကို ချောင်းသာမှာ လျှို့ဝှက် လုပ်ခဲ့ကြပေမယ့် ဒီနှစ်တော့ အာဏာပိုင်တွေဆီက ခွင့်ပြုချက်တောင်းပြီး NLD ရုံးမှာ အခုလို ပေါ်ပေါ်ထင်ထင် ကျင်းပတာလို့လည်း သိရပါတယ်။

ချောင်းသာမြို့ နယ်က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ပရိသတ် ၃၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
RFA (Burmese)

0 comments:

Post a Comment

world time