Pages

Thursday, March 9, 2017

အလုပ်သမား ၁၉၀ကျော် အား အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းအပေါ် မကျေနပ်သဖြင့် Goodmorning ပေါင်မုန့် စက်ရုံ လုပ်သား၄၀၀ကျော်ဆန္ဒပြ


RangonNewsDaily::Thursday. March 9. 2017
လုပ်သားအင်အားလျော့ချသည်ဟုဆိုကာလုပ်သား ၁၉၃ ဦးကိုအလုပ်မှထုတ်ပယ်ခဲ့သဖြင့် Goodmorning ပေါင်မုန့်စက်ရုံမှကုန်ထုတ်လုပ်သား၄၀၀ခန့်လုပ်ငန်းခွင်ရပ်ဆိုင်းကာဆန္ဒထုတ်ဖော်မှု တစ်ရပ်ကို မတ် ၉ ရက်က ပြုလုပ်ခဲ့ပါတယ်။
မတ်လ၉ရက်နေ့တွင် လိုင်သာယာစက်မူဇုန်၎ရှိ myanmar mayson ပိုင် goodmorning ပေါင်မုန့်စက်ရုံမှအလုပ်သမားခေါင်းဆောင်အပါအဝင်လုပ်သား ၁၉၃ ဦးကို လုပ်သားအင်အား လျော့ချသည်ဟုဆိုကာ အလုပ်မှထုတ်ပယ်ခဲ့သဖြင့် ကျန်ကုန်ထုတ်လုပ်သားများက လုပ်ငန်း ခွင်ရပ်ဆိုင်း ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်တယ်လို့ လုပ်သားခေါင်း ဆောင်ကိုဇော်လင်းခိုင်က ပြောပါတယ်။
"လုပ်သားအင်အား လျော့တယ်လို့ဘဲသိထားတယ်။ ဘာကြောင့်လဲဆိုတာ လည်းမသိရဘူး ကြိုလည်းပြောထားတာမရှိပါဘူး။ မနေ့ကအလုပ်စထုတ်ခဲ့တာပါ ။ အဲ့ဒီအတွက် နစ်နာကြေး တော့ ပေးတယ် ဒါပေမဲ့ကျွန်တော်တို့ကမယူပါဘူး။င်္ ဘာလို့လည်းဆိုတော့ ကျွန်နော်တို့ကလုပ်ငန်းခွင်တည်မြဲ ဖို့ဘဲလိုချင်တယ်။ ဒါကြောင့်လက်မခံဘူး။ အခုသူတို့ လျော့တဲ့အထဲမှာ ကအလုပ်သမားအဖွဲ့စည်း ဝင်တော် တော်များများပါတယ်။ ကျွန်တော်တို့ကတော့အလုပ်သမား အဖွဲ့စည်းကိုဖြိုခွဲချင်လို့ခုလို လုပ်တာ ပဲမြင်တယ်။ "ဟု ကိုဇော်လင်းခိုင်ကရှင်းပြပါတယ်။
လက်ရှိတောင်းဆိုမူတွင်လည်း အလုပ်ထုတ်ခံအ လုပ်သမား ၁၉၃ဦးအား မူလနေရာ၊ မူလရာ ထူးအတိုင်းအ လုပ်ပြန်လည်ခန့်အပ်ပေးရန်၊ အမြဲတမ်းဝန်ထမ်းများအား လုပ်သက်ကျွမ်းကျင်မူအ လိုက်ရာထူး၊ လစာတိုးမြှင့်မူအား တိကျသည့်ကာလတစ်ခုသတ်မှတ်ပေးရန်၊ ဝန်ထမ်းများ အားလုံးကို အပြစ်တစ်စုံတစ်ရာမရှိဘဲ အလုပ်ထုတ်ခြင်းမ ပြုလုပ်ရန် အစရှိသည့်အချက်များပါဝင်သည့် တောင်း ဆိုချက်၉ချက်ကို ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်သည်။င်္
ယခုကဲ့သို့တောင်းဆိုဆန္ဒပြခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ အလုပ်သမားဌာနတို့ထံလည်း တိုင်ကြားစာများပေးပို့သွားရန်ပြင်ဆင်နေကြောင်း လုပ်သားများမှသိရပါတယ်။
"Goodmorning ပေါင်မုန့်စက်ရုံ ဒီနေ့မနက်ကစပြီး ဆန္ဒပြနေတယ်လို့တော့ကြားတယ်။
ဘာကြောင့်ဖြစ်တာလဲလို့တော့မသိသေးဘူး ကျွန်တော်တို့ဆီတော့တိုင်စာမရောက်သေးဘူး။ "ဟု လိုင်သာယာမြို့နယ်အလုပ်ရှင်အလုပ်သမားအငြင်းပွားမူ ညှိနိုင်းဖျန့်ဖြေရေးအဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။ 
အဆိုပါ goodmorning ပေါင်မုန့်စက်ရုံတွင်ရုံးပိုင်းဆိုင်ရာဝန်ထမ်းအပါအဝင်စုစုပေါင်း လုပ်သား၆၀၀ခန့်ရှိပြီး လက်ရှိတွင် ကုန်ထုတ်လုပ်သား၄၀၀ခန့်က တောင်းဆို ဆန္ဒထုတ်ဖော်နေခြင်းဖြစ်ကြောင်းသိရပါတယ်။
PWA
Myanmar International Media News






0 comments:

Post a Comment