Pages

Thursday, March 9, 2017

တာချီလိတ်မြို့တွင် စံချိန်တင် မူးယစ်ဆေးဝါးများဖမ်းဆီး ရမိ


RangonNewsDaily::Thursday. March 9. 2017
တာချိင်္လိတ်မြို့ပေါ် စံချိန်တင် မူးယစ်ဆေးဝါး ကာလပေါက်ဈေး သန်းနှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး အများအပြား သန်းနှင့်ချီ ဖမ်းဆီရမိကြောင်း တာချီလိတ် မြို့မရဲစခန်း က သိရသည်။



မတ် ၈ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တာဝန်ရှိသူများ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့သည့် သတင်းအရ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မြို့ပတ်လမ်း၊ အောင်မင်္ဂလာတိုက်တန်း၊ ၈ ခန်းတွဲ တတိယထပ်ရှိ ဒေါ်နန်းအွေ့ နေထိုင်သည့် အခန်းအမှတ်(၈)အား ရှာဖွေဖော်ထုတ်ရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အခန်းပိုင်ရှင် ဒေါ်နန်းအွေ့အခန်းအတွင်းမှ ပီနံအိတ် ၇ လုံးအတွင်း ထည့်ထားသည် မူးယစ်ဆေးဝါးများ ဖြစ်သည့် wy စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား ၂၉၁၆၀၀၀ ပြား၊ စိတ်ကြွဆေးပြား ရိုက်ရန် အသင့်ရောထားသည့် နီညိုရောင် အမှုန့် ၅၁ ကီလို၊ မက်အက်ဒီတမင်း (အိုက်စ်) ၂.၂ ကီလိုနှင့် ဆူဒိုအက်ဖီဒရင်း ဆေးပြား ၃၁ ကီလို အပါအ၀င် မူးယစ်ဆေးဝါးများ ရိုက်ထုတ်ရာတွင် သုံးသည့် ဆက်စပ်ပစ္စည်းများပါ ဖမ်းဆီးမိကြောင်း သိရသည်။

ဖမ်းဆီးရရှိသူ ဒေါ်နန်းအွေ့၏ ထွက်ဆိုချက်အရ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများသည် ချွေမးဖြစ်သူ မအေးဖြူဖြူ၏ ပစ္စည်းများဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ထို့နောက် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများနှင့် အတူ မိသည့် ဒေါ်နန်းအွေ့နှင့်အတူ တိမ်းရှောင်လျက်ရှိသည့် မအေးဖြူဖြူတို့အား တာချီလိတ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် ဒေသခံများ၏ အဆိုအရ အဆိုပါ တာချီလိတ်ဒေသ အတွင်း မူးယစ်ဆေးဝါးများမှာ ကျန်းမာရေး အတွက် အသုံးပြုသည့် အိမ်သုံး ဆေးဝါးများထက် အလွယ်တကူ ရရှိနိုင်သည့် အတွက် သုံးစွဲသူများ တစ်နေ့တခြား များပြားလာကြောင်း ဆိုသည်။
စိုင်းဟန်
ဓာတ်ပုံ-ရွှေတြိဂံဒေသသတင်းလွှာ





0 comments:

Post a Comment