Pages

Thursday, March 9, 2017

ပြည်​တွင်းအခွန်​ဦးစီးဌာနမှ ဒုဦးစီးမှူးတစ်​ဦးအား မူးယစ်​​ဆေးဝါးသုံးစွဲ​နေစဉ်​ ဆေးပြားများနှင့်​အတူဖမ်းဆီးရမိ


RangonNewsDaily::Thursday. March 9. 2017
ပြည်​တွင်းအခွန်​များဦးစီးဌာနရုံး၊ ဒုတိယဦးစီးမှူးတစ်​ဦး အား မူးယစ်​​ဆေးဝါးသုံးစွဲ​နေစဉ် WY စိတ်ကြွမူးယစ်
ဆေးပြားများနှင့်​အတူ ကရင်​ပြည်​နယ်​၊ ဘားအံမြို့တွင်​ မတ်​လ ၅ ရက်​​နေ့က ဖမ်းဆီးရမိခဲ့​ကြောင်း ဘားအံမြို့မ
ရဲစခန်းမှ တာဝန်​ကျအရာရှိတစ်​ဦးက အကုန်​သိသတင်း ဌာနသို့ ​ပြောသည်​။



ဖြစ်​စဉ်​မှာ မတ်​လ(၅)ရက်​​နေ့ နံနက်​(၁၀)နာရီအချိန်​ခန့်​တွင်​ ဘားအံမြို့မရဲစခန်းမှ နယ်​ထိန်း​ခေါင်း​ဆောင်​ဒုရဲအုပ်​​အောင်​မျိုး​ကျော်​ ဦးစီးနယ်​ထိန်းတပ်​ဖွဲ့ဝင်​​များပါဝင်​​သော ပူး​ပေါင်းအဖွဲ့မှ မူးယစ်​​ဆေးဝါးသတင်းအရ သက်​​သေများ
နှင့်​အတူ ဘားအံမြို့၊အမှတ်​(၄)ရပ်​ကွက်​၊သီရိလမ်းရှိ ပြည်​တွင်းအခွန်​ဦးစီးဌာနရုံးမှ ထွန်း​ဇော်​(၄၂)နှစ်​၊ (ဘ)ဦးလှညွန့့်​၏အိပ်​ခန်း​ဆောင်​အား ဝရမ်းဖြင့်​ဝင်​​ရောက်​ရှာ​​ဖွေရာ ထွန်း​ဇော်​နှင့်​အတူ ​ကျော်​​ကျော်​ထိန်​လင်း(၃၇)နှစ်​၊
(ဘ)ဦး​မောင်​မြင့်​​လေး၊ ​ရွှေဘို​ကျောင်းလမ်း၊ အမှတ်​(၃)ရပ်​ကွက်​၊ ဘားအံမြို့​နေသူတို့အားစိတ်​ကြွဆေးပြား(၁၆)ပြား
နှင့်​​ဆေးရှူရာတွင်​အသုံးပြုသည့်​ ဆက်​စပ်​ပစ္စည်းများအား ရှာ​ဖွေ​တွေ့ရှိရသဖြင့်​ သက်​​သေများ​ရှေ့တွင် ဒုရဲအုပ်​​အောင်​မျိုး​ကျော်​မှ ရှာ​ဖွေပုံစံဖြင့်​သိမ်းဆည်းခဲ့​ကြောင်း သိရသည်​။

၎င်းတို့နှစ်​ဦးအား ပူး​ပေါင်းအဖွဲ့မှ စစ်​​ဆေး​မေးမြန်းမှုများ ပြုလုပ်​ခဲ့ရာ စစ်​​ဆေး​ပေါ်​ပေါက်​ချက်​အရ WY ​ဆေးပြား
များအား ဘားအံမြို့၊ အမှတ်​(၁)ရပ်​ကွက်​၊ ​ဆေးရုံလမ်း​နေ မိုးမင်းဝင်း(၂၃)နှစ်​၊ (ဘ)ဦးချစ်​တင်​ထံမှ ဝယ်​​ယူရရှိခဲ့ခြင်း
ဖြစ်​​ကြောင်း​ သိရှိရသဖြင့်​ မိုးမင်းဝင်း၏နေအိမ်​အား ဝရမ်း ဖြင့်​ဝင်​​ရောက်​ ရှာ​ဖွေခဲ့ရာ မူးယစ်​​ဆေးဝါး မ​တွေ့ရှိဘဲ ၎င်းမူးယစ်​ဆေးဝါး ​ရောင်းချရာတွင်​အသုံးပြုသည့်​ Huawei အမျိုးအစား လက်​ကိုင်​ဖုန်းအား ရှာ​ဖွေ​ပုံစံဖြင့်
သိမ်းဆည်းခဲ့​ကြောင်း သိရသည်​။

၎င်းအားစစ်​​ဆေးရာ ဘားအံမြို့နယ်​၊ မြိုင်​က​လေး​ကျေးရွာ အုပ်​စု၊ တန်​(၄၀၀၀)ဘိလပ်​​မြေစက်​ရုံဝင်း​နေ ကုလားမ(ခ)
စိုးစံ(၂၈)နှစ်​ ထံမှ ဖုန်းဖြင့်​ဆက်​သွယ်​ ဝယ်​ယူခဲ့​ကြောင်း စစ်​​ဆေး​ပေါ်​ပေါက်​သဖြင့် ကုလားမအား သက်​​သေများနှင့်​အတူသွား​ရောက်​ဖမ်းဆီးခဲ့ရာ ၎င်း​မောင်းနှင်​လာသည့်​ နံပါတ်​မပါ CBRအမျိုးအစား ဆိုင်​ကယ်​ဖင်​ထိုင်​ခုံ​အောက်​တွင်​ အနီ​ရောင်​တိပ်​ဖြင့်​ပတ်​ကာ အပြာ​ရောင်​ကပ်​ခွာအိတ်​ဖြင့်​ထည့်​ထား​သောWYစာတမ်းပါ စိတ်ကြွဆေးပြား
(၂၇၂)ပြား၊​ ငွေစက္ကူ​ရောရာ(၅၀၀၀၀)ကျပ်​၊ ဆေးရှူရာ တွင်​အသုံးပြုသည့်​ ဆက်​စပ်​ပစ္စည်းများနှင့်အတူ
၎င်းကိုင်​​ဆောင်​ထားသည့်​VIVOအမျိုးအစား​ အဖြူ​ရောင်​လက်​ကိုင်​ဖုန်းတစ်​လုံးတို့အား သက်သေများရှေ့တွင်ရှာ​ဖွေ​ပုံစံဖြင့်​ သိမ်းဆည်းရမိခဲ့​ကြောင်းသိရပြီး ၎င်းတို့အားလုံးကို ဒုရဲအုပ်​​အောင်​မျိုး​ကျော်​မှ တရားလိုပြုလုပ်​ကာ ဘားအံမြို့မရဲစခန်း၌ မယ(ပ)၂၃/၂၀၁၇၊ မူးစိတ်​ပုဒ်​မ ၁၅/၁၆(ဂ)/၂၁ဖြင့်​ အမှု​ဖွင့်​အ​ရေးယူထား​ကြောင်း သိရှိရသည်​။
ဓာတ်​ပုံ မင်းသူ၊ထွန်းထွန်းထွေး (ဘားအံ)




0 comments:

Post a Comment