Pages

Monday, October 10, 2016

မောင်တောအခြေစိုက် နယ်ခြားစောင့်ရဲဌာနချုပ် အပါအ၀င် စခန်းသုံးခု တိုက်ခိုက်ခံရသဖြင့် မောင်တောခရိုင် အတွင်း ညမထွက်ရ အချိန်ကို တိုးမြှင့်လိုက်


Monday. October 10. 2016
မောင်တော၊။ ။ မောင်တောအခြေစိုက် နယ်ခြားစောင့်ရဲဌာနချုပ် အပါအ၀င် စခန်းသုံးခုတိုက်ခို က်ခံရ သဖြင့် မောင်တောခရိုင်အတွင်း ညမထွက်ရအချိန် ကို မောင်တော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တိုးမြှင့်သတ်မှတ် လိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ ညမထွက်ရအမိန့်ကို အောက်တိုဘာလ ၉ ရက်က ထုတ်ပြန် လိုက်ခြင်းဖြစ်ပြီး ညနေ ၇ နာရီမှ ၆ နာရီထိ ဖြစ်ကြောင်း အမိန့်စာတွင်ဖော်ပြထားသည်။
.
“နယ်ခြားစောင့်ရဲစခန်းတွေ တိုက်ခိုက်ခံရတဲ့အတွက် မြို့ပေါ်နှင့် ကျေး လက်ဒေသက လူတွေ လုံခြုံရေးကို စိုးရိမ်နေကြပါ တယ်၊ လုံခြုံရေးကိုတော့ တင်းကျပ်ထားတာတွေ့ရပါတယ်၊ မြို့ပေါ်နဲ့ ကျေးလက်ဒေသကို ပြေးဆွဲနေတဲ့ ယာဉ်တွေ အသွား အလာ မရှိ သလို မောင်တောနဲ့ ဘူးသီးတောင်ကိုလည်း ယာဉ်တွေ ပြေးဆွဲမှုမရှိသလောက်နည်းနေပါတယ်”ဟု မောင်တောနယ်ခြားစောင့်ရဲ စခန်းမှ အရာရှိတစ်ဦး က ပြောသည်။
မောင်တောမြို့တွင်းတစ်နေရာကို တွေ့ရစဉ်။
သတင်း ဓာတ်ပုံ - NT
#Democracytoday







0 comments:

Post a Comment