နေပြည်တော် ၊အောက်တိုဘာ ၁၀
မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့အားဥပဒေအရပြစ်မှုထင်ရှားလျှင်ပါတီမှ ထုတ်ပယ်သည်အထိရေးယူသွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု့ဆောင်ကော်မတီဝင် ဦ၀င်းထိန်ကပြောသည်။
မြောင်းမြလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူသည် လူမှုရေးပြသနာဖြစ်ပွားခဲ့ပြီး ရွှေပြည်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဥာဏ်လင်းမှာလည်း ဆဲဆိုခြိမ်းခြောက်မှုဖြင့်အမှုဖွင့်ခံထားရသည် ။
.
လက်ရှိတွင် မြောင်းမြလွှတ်တော် ကိုယ်စားလှယ်အား ပါတီမှ နိုင်ငံခြားခရီးစဉ် မလွှတ်တော့ဘဲ ၎င်းနေရာတွင်အခြားတစ်ဦးအစားထိုးထားသည်ဟု ဦးဝင်းထိန်ကပြောသည် ။ ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်အချို့မှာ ပြည်သူအတွက် အလုပ်မလုပ်ကြကြောင်း ၊ ထိုသို့အလုပ်မလုပ်သောကိုယ်စားလှယ်များကိုလည်းအရေးယူမည်ဖြစ်ကြောင်း ၄င်းကပြောသည် ။
စိုင်းလမင်း
Popular News Journal

0 comments:
Post a Comment