Pages

Monday, October 10, 2016

ကရင်ဒုက္ခသည်စခန်းတွင် မီးလောင်မှုဖြစ်ပွား၊ အိမ် ၄ လုံးဆုံးရှုံး


By ဒီဗွီဘီ 10 October 2016
ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်လူမျိုးအများစုနေထိုင်ရာ မယ်ရာမို ဒုက္ခသည်စခန်းမှာ အောက်တိုဘာ ၉ ရက် ည ၇ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၄ လုံး ဆုံးရှုံးခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
ကလေးငယ်တဦး မီးဆော့ကစားရာမှ မီးလျှံက အင်ဖက်အမိုးကိုထိပြီး စတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ မီးသွားရောက်ကူညီငြှိမ်းသတ်ပေးခဲ့တဲ့ အမှတ် ၃၆ ထိုင်းရိန်းဂျားတပ်ဖွဲ့ဝင်တဦးက သတင်းထောက်ကို ပြောပါတယ်။
နေအိမ် ၄ လုံး မီးလောင်သွားပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ တာဝန်ကျ ၀န်ထမ်းတဦးက ပြောပါတယ်။
.
မယ်ရာမိုဒုက္ခသည်စခန်းဟာ မယ်ဟောင်ဆောင်ခရိုင် ဆွပ်ပေါင်မြို့နယ် ဆွပ်မွေးကျေးရွာအုပ်စုထဲမှာရှိပြီး မြန်မာပြည်ကနေ ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည်ပေါင်း တသောင်းကျော် နေထိုင်လျက်ရှိပါတယ်။
ဓာတ်ပုံ - Pobear Htew
DVB TV News





0 comments:

Post a Comment