Pages

Monday, October 10, 2016

ဗိုလ်တထောင်လူသတ်မှုမှ ပျောက်ဆုံးနေသောကား ပြန်တွေ့


Monday. October 10. 2016
ဗိုလ်တထောင်မြို့နယ် ၄၅ လမ်း၊အမှတ် (၁၇၀)ရှိ ရှစ်လွှာတိုက်ခန်း တစ်ခု၌ အောက်တိုဘာ ၈ ရက် နံနက် ၁ နာရီခွဲက အမျိုးသား တစ်ဦးအသတ်ခံရမှုဖြစ်ပွားခဲ့ပြီး အဆိုပါ အသတ်ခံရသည့် အမျိုးသားမှာ အသက် ၃၂ အရွယ် ကိုအောင်သူဖြစ်၍ယင်းတိုက်ခန်းတွင် တစ်ဦးတည်နေထိုင်ကြောင်း သိရသည်။
၎င်းမသေဆုံးမီ အောက်တိုဘာ ၇ ညတွင် သာကေတရှိ ဖခင်၏ ကားအား ယူဆောင်သွားခဲ့ပြီး ယင်းနောက်ပိုင်းတွင် ၄င်း၏ဖခင်မှ ဖုန်းခေါ်ရာ ဆက်သွယ်၍ မရခြင်းကြောင့် 
ရဲတပ်​ဖွဲ့ ထံ အကြောင်းကြားကာ နေအိမ်သို့ ဝင်ရောက်စစ်ဆေးရာ ယင်းအမျိုးသားမှာ ထိုးသွင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေပြီး ဖခင် ကြောင်းသိရသည်။
ယင်းဖြစ်စဉ်အား ပ/၁၇၄/၁၆ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်နေပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းနေဆဲဖြစ်ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထိုပြင် သေဆုံးသူ မောင်းနှင် သွားသော Toyoto mark II အဖြူရောင် ကား ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းထိပ် ကမ်းနားလမ်းဘက်ခြမ်း တွင် အောက်တိုဘာ ၈ ရက်နေ့ကုပြန်လည်တွေ့ရှိကြောင်း သိရသည်။ 



" သူ့အဖေဆီက ယူသွားတယ်ဆိုတဲ့ ကားက ဒီနေ့ ညနေမှာ ၄၅ လမ်းထိပ် ကမ်းနားလမ်းမှာ တွေ့တယ်။ ကားမှာလည်း သွေးကွက်တွေ တွေ့လို့ စီအိုင်ဒီကို ခေါ်စစ်ဆေးနေတယ်။ 
ဒါက လူသတ်ပြီး ကားယူသွားတယ်လို့ ယူဆပါတယ် ။တရားခံကိုတော့ ဆက်လက်စုံစမ်းနေပါတယ် '' ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။
လင်းလင်းအောင်
NewsWatch








0 comments:

Post a Comment