Pages

Wednesday, August 24, 2016

လောင်းကစားပပျောက်ရေး စီမံချက်ဟု ဆိုကာ လူငယ်များ အပျော်တမ်းကစားသည့် PS2 ဂိမ်းများပိတ်သိမ်း”


RangonNewsDaily::Wednesday. August 24. 2016 
မကွေးတိုင်း ဂန့်ဂေါမြို့ပေါ်တွင် လောင်းကစား ပပျောက်ရေးစီမံချက်ဖြင့်ဆို၍ ရဲစခန်းက PS2 ဂိမ်းဆိုင်များကို ပိတ်ခိုင်းနေကြောင်း ဂိမ်းဆိုင်ပိုင်ရှင်များက ပြောကြသည်။ ဂန့်ဂေါရဲစခန်းက သြဂုတ်လ ၂၀ ရက်နေ့တွင် ဂန့်ဂေါမြို့ပေါ်ရှိ PS2 ဂိမ်းဆိုင်ပိုင်ရှင်များကို ဆင့်ခေါ်ပြီး ပိတ်ခိုင်းလိုက်ခြင်းဖြစ်သည်။
"ကျွန်တော်တို့ကိုရဲစခန်းကိုခေါ်ပြီးတော့လောင်းကစားပပျောက်ရေးစီမံချက်အရဆိုပြီးပိတ်ခိုင်းပါတယ်။"ဟု ဂန့်ဂေါမြို့ပေါ်မှ PS2 ဂိမ်းဆိုင်ပိုင်ရှင် ကိုသီဟက ပြောသည်။
လောင်းကစားပပျောက်ရေးစီမံချက်ဆိုလျှင် ဘိလယက်ခုံများကိုပါ ပိတ်ခိုင်းရမည်ဖြစ်ပြီး လက်ရှိတွင် ဘိလယက်ခုံများရှိနေဆဲဖြစ်ကြောင်း PS2 ဂိမ်းသည် လောင်းကစားမဟုတ်ကြောင်း ၄င်းကပြောသည်။
.
ကိုသီဟက"ဒီဂိမ်းဟာလောင်းကစားမဟုတ်ပါဘူး။ လောင်းကစားပပျောက်ရေးဆိုရင်ဘိလယက်ခုံတွေလည်းပိတ်ခိုင်းရမယ်လေ။"ဟု ပြောသည်။
လက်ရှိတွင် ဂန့်ဂေါမြို့ပေါ်တွင်ရှိသော PS2 ဂိမ်းဆိုင် လေးဆိုင်လုံးပိတ်လိုက်ရခြင်းဖြစ်သည်။ ဂိမ်းဆိုင်ပိုင်ရှင်များသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံတွင် ဝန်ခံလက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း ရဲစခန်းက ညွှန်ကြားထားသော်လည်း ဆိုင်ပိုင်ရှင်များက လက်မှတ်ရေးထိုးခြင်းမရှိသေးပေ။
.
အဆိုပါ ဂိမ်းဆိုင်မျာပိတ်ခိုင်းရခြင်းသည် ဂန့်ဂေါမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သြဂုတ်လ ၁၇ ရက်နေ့နေ့စွဲဖြင့် စာထုတ်ပြီး ညွှန်ကြားလာသော ကြောင့်ဖြစ်သည်ဟု ဂန့်ဂေါမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။
ဂန့်ဂေါမြို့ပေါ်ရှိ အဆိုပါ PS2 ဂိမ်းဆိုင်များကိုသာ ပိတ်ခိုင်းခြင်းဖြစ်ပြီး ဂန့်ဂေါအနီးရှိကျေးရွာများရှိ ဂိမ်းဆိုင်များကိုမူ ပိတ်ခိုင်းခြင်း မရှိသေးကြောင်း ဂိမ်းဆိုင်ပိုင်ရှင်များက ပြောသည်။ ဂန့်ဂေါမြို့အနီးအနားရှိမြို့နယ်များတွင်လည်း ပိတ်ခိုင်းသည်ကိုမတွေ့ရကြောင်း ယခုကဲ့သို့ စီမံချက်အရဆိုကာ ဆိုင်ပိတ်ခိုင်းခြင်းသည် မဖြစ်သင့်ကြောင်း PS2 ဂိမ်းဆိုင်ပိုင်ရှင်များက ပြောသည်။
.
PS2 ဂိမ်း၏ သဘောသဘာဝကို နားမလည်သဖြင့် ပိန်ခိုင်းခြင်းဖြစ်နိုင်ကြောင်း၊အဆိုပါဂိမ်းသည် လောင်းကစားမဟုတ်ကြောင်း PS2 ဂိမ်းဆိုင်ပိုင်ရှင် ဦးကျော်သက်ကပြောသည်။ ဂန့်ဂေါမြို့နယ်ရှိ PS2 ဂိမ်းဆိုင်များကို စည်ပင်သာယာဦးစီးမှူးက ခွင့်ပြုချက်ထုတ်ပေးခဲ့ခြင်း ဖြစ်ပြီး ၄င်းအနေဖြင့် ဂိမ်းဆိုင်များပြန်လည် ဖွင့်လှစ်နိုင်စေရန် ကူညီပေးမည်ဟု ပြောကြောင်း ဦးကျော်သက်ကပြောသည်။
"ကျွန်တော်တို့ အခြေအနေကိုစောင့်ကြည့်ပါတယ်။ တော်တော်ကြာလို့မှ ပြန်မ
ဖွင့်ရင် တိုင်းအစိုးရအထိ အသနားခံစာ တင်ရမှာပေါ့"ဟု ၄င်းကဆိုသည်။
Popular News





0 comments:

Post a Comment