Pages

Wednesday, August 24, 2016

"မော်လိုက်မြို့အနီးကို ဗဟိုပြု၍ ငလျင်လှုပ်ခတ် "


RangonNewsDaily::Wednesday. August 24. 2016 
မော်လိုက်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ရစ်ခ်ျတာစကေး ၅ဒဿ မ ၃အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု မရှိကြောင်း ကနဦး သတင်းရရှိသည်။
မော်လိုက်မြို့၏ အရှေ့မြောက်ဖက် ၂၄မိုင်ခန့် အကွာကို ဗဟိုပြု၍ ယနေ့(သြဂုတ်လ ၂၃ရက်)နံနက် ၈နာရီမိနစ် ၄၂မိနစ်ခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ငလျင်လှုပ်ရှားမှုကို ခံစားလိုက်ရသော်လည်း ဒေသတွင်း ထိခိုက်ပျက်ဆီးမှုမရှိဟု ကနဦးကြားသိရကြောင်း မော်လိုက်မြို့မရဲစခန်းနှင့် ဒေသခံအချို့ကပြောသည်။
ဓာတ်ပုံ - မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန





0 comments:

Post a Comment