Pages

Wednesday, August 24, 2016

ယာဉ်ကြောကျပ်မှုနှင့် လိုင်စင်မဲ့ယာဉ်များ ထိန်းချုပ်နိုင်မှ ရန်ကုန်လိုင်စင်ဖြင့် ကားပြန်လည်တင်သွင်းခွင့်ပြုမည်

RangonNewsDaily::Wednesday. August 24. 2016 
ရန်ကုန်တိုင်းအတွင်း ယာဉ်ကြောကျပ်တည်းမှုနှင့် လိုင် စင်မဲ့ယာဉ်များကို ထိထိရောက် ရောက် ထိန်းချုပ်မှုများလုပ်ဆောင် ပြီးမှသာ ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခြင်းကို ပြန်လည် ခွင့်ပြုရန်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့မှ သတင်းရရှိသည်။
ရန်ကုန်တိုင်းအတွက် မော် တော်ယာဉ်တင်သွင်းမှုကို လေ့ လာနေပြီး ယာဉ်ကြောကျပ်တည်း မှုများ၊ လိုင်စင်မဲ့ယာဉ်များနှင့် အ များပြည်သူသယ်ယူပို့ဆောင်ရေး ကောင်းမွန်စွာ စီမံခန့်ခွဲလုပ် ဆောင်ပြီးမှသာ ရန်ကုန်လိုင်စင် ကားတင်သွင်းမှုကို ပြန်လည်ခွင့် ပြုရန်ရှိကြောင်း အထက်ပါအဖွဲ့ မှ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်ကပြောသည်။
‘‘ရန်ကုန်မှာ လိုင်စင်မဲ့ကား တွေလည်းများနေတော့ ဘယ်လို ထိန်းချုပ်မလဲဆိုတာ ညှိနှိုင်းစဉ်း စားနေတယ်။ မကြာခင် ယာဉ် ကြောကျပ်တည်းမှုဖြေရှင်းတဲ့အ ခါမှာ E-Police စနစ်တွေလည်း ပါဝင်လာမယ်ဆိုတော့ ဒါတွေ သေချာလုပ်ဆောင်ပြီးရင်တော့ ရန်ကုန်ကားအ၀င်ကို ပြန်ခွင့်ပြု သွားဖို့ရှိတယ်။ လက်ရှိကတော့ ဦးစားပေးဖြေရှင်းရမယ့် အချက် မဟုတ်သေးတဲ့အတွက် လေ့လာ တုန်းရှိသေးတယ်။ ရန်ကုန်လိုင် စင်ခွင့်ပြုဖို့အတွက်တော့ အချိန် အတိုင်းအတာတစ်ခုကြာနိုင်သေး တယ်’’ဟု ၎င်းကဆိုသည်။
.
ရန်ကုန်သို့ မော်တော်ယာဉ် တင်သွင်းမှုကို အစိုးရသစ်စတင် တက်လာသည့် ဧပြီမှစတင်ကာ ရပ်ဆိုင်းခဲ့သည်။ လုပ်ငန်းရှင်များ၊ ပညာရှင်များ၊ သက်ဆိုင်ရာဌာန များနှင့် ဆွေးနွေးပြီး မော်တော် ယာဉ်တင်သွင်းခွင့် ပြန်လည် ခွင့် ပြုရန်ဆောင်ရွက်နေသော်လည်း အများပြည်သူ သယ်ယူပို့ဆောင် ရေးနှင့် မြို့တွင်းယာဉ်ကြောကျပ် တည်းမှုကို ဦးစားပေးဆောင်ရွက် ပြီးမှသာ ပြန်လည်ခွင့်ပြုနိုင် ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောကျပ်တည်းမှုများ ကြောင့် ဦးသိန်းစိန်အစိုးရလက် ထက်၌ ရန်ကုန်တိုင်းအစိုးရအ ဖွဲ့က ရန်ကုန်တိုင်းအတွက် မော် တော်ယာဉ်တင်သွင်းရာ၌ ကား ပါကင် ထောက်ခံချက်ရှိမှသာ တင်သွင်းခွင့်ပြုရန် ထုတ်ပြန်ခဲ့ သည်။ သို့သော် လက်ရှိ အစိုးရ သစ်စတင်တာဝန်ယူချိန် ဧပြီမှစ ၍ ကားပါကင်ထောက်ခံချက် ထုတ်ပေးမှုကို ရပ်ဆိုင်းခဲ့သည်။
.
ရန်ကုန်တိုင်း မော်တော်ယာဉ်တင်သွင်းခွင့် ရပ်ဆိုင်းထားသည်မှာ လေးလကျော်ကြာမြင့်နေပြီဖြစ်၍ အခက်အခဲများဖြစ်ပေါ်နေ ကြောင်း မော်တော်ယာဉ်တင်သွင်းရောင်းဝယ်ရေး လုပ်ငန်းရှင် အချို့က ပြောသည်။
7Day

KOLATT(PBDN)

RangonNewsDaily





0 comments:

Post a Comment