Pages

Wednesday, August 24, 2016

မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်တွင် မိသားစုလိုက် လေးလောင်းပြိုင်လူသတ် မှုဖြစ်ပွား


RangonNewsDaily::Wednesday. August 24. 2016 
မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ် မြအေးချမ်းလမ်းသွယ်ရှိ နေအိမ် တစ်ခုတွင် သြဂုတ် ၁၉ရက် ညပိုင်းတွင် မိသားစုလေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွား ခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။








အသတ်ခံရသူ ဦးစိုးနောင်သည် အမှတ် ၈ လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ်အဆင့်ဖြင့် အနားယူထားသူ တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူမနွယ်နီလွင်နှင့် အဌမတန်းနှင့် တတိယတန်းတက်ရောက်နေသူ သား ၂ ဦးပါ အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာတွင် ဖခင်ဖြစ်သူ၏အလောင်းနှင့် သားအကြီးဖြစ်သူ၏ အလောင်း တို့မှာ အတူရှိနေခဲ့ပြီး မိခင်ဖြစ်သူ၏အလောင်းမှာ မီးဖိုချောင်တွင်ရှိနေခဲ့ကာ သားအငယ် ဆုံးဖြစ်သူ၏အလောင်းမှာ အိပ်ခန်းအတွင်းရှိ ကုတင်ပေါ်တွင်ရှိနေခဲ့ကြောင်း သတင်းရရှိ သည်။
.
အသတ်ခံရသူဦးစိုးနောင်သည် မန္တ္တလေးတိုင်းဒေသကြီး၊ ဇီးပင်ကြီး ဒုရဲအုပ်သင် တန်းကျောင်းမှ ၂၀၀၅ခုနှစ် အပတ်စဉ် (၅၇) သင်တန်းဆင်းတစ်ဦးဖြစ်ကြောင်း သိရသည်။
Democracy Today

KOLATT(PBDN)

RangonNewsDaily






0 comments:

Post a Comment