Pages

Thursday, August 25, 2016

ငလျင်ကြောင့် ပုဂံရှိဘုရားစေတီများ ပြိုကျပျက်စီး.


RangonNewsDaily::Thursday. August 25. 2016 
မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံမြို့ရှိ နာမည်ကြီးဘုရားစေတီများ ပြိုကျပျက်စီးခဲ့ပြီး လူနေအိမ် အများအပြားလည်း ပျက်စီးသွားကြောင်း သတင်းရရှိသည်။













ပုဂံမြို့ရှိ ထီလိုမင်းလိုဘုရား၊လောကနန္ဒာဘုရား၊ အာနန္ဒာ၊ သဗ္ဗေညု ၊ဓမ္မရံကြီး ၊ဂူပြောက်ငယ် ဘုရား၊ ရွှေလိပ်တူးဘုရားနှင့် စေတနာကြီးဘုရား စသည့် ဘုရားအပါအဝင် ကျန်ဘုရားများလည်း ထီးတော်မြေခမှု၊ အနည်းငယ် ပျက်စီးမှုများ ရှိကြောင်း သတင်းရရှိသည်။
လက်ရှိ ကောက်ယူထားသည့် စာရင်းများအရ ပုဂံဘုရား ၁၁ဆူ ထိခိုက်မူရှိခဲ့ပြီး ဘုရားစေတီများ ပျက်စီးမူ များပြားသည့်အတွက် ထိခိုက်ပျက်စီးမူ အခြေအနေအား အသေးစိတ် ကောက်ယူလျှက်ရှိကြောင်း ရှေးဟောင်းသုတေသန ၊အမျိုးသားပြတိုက်နှင့် ယဉ်ကျေးမူ ဦးစီးဌာနမှ သိရသည်။
.
" ဘုရားစေတီတွေ ထိခိုက်မူ တော်တော်များပါတယ် ၁၁ဆူထက်ပိုပါတယ် ၊အခုမှ စာရင်းကောက်ယူနေတုန်း ဖြစ်တဲ့အတွက် အတိအကျတော့ မသိရသေးပါဘူး " ရှေးဟောင်းသုတေသန ၊အမျိုးသားပြတိုက်နှင့် ယဉ်ကျေးမူ ဦးစီးဌာန ပုဂံရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကပြောသည်။
ဓာတ်ပုံ-မင်းနိုင်အောင်၊ ဂျက်မ/ 7Day

KOLATT(PBDN)

RangonNewsDaily





0 comments:

Post a Comment