Pages

Thursday, August 25, 2016

ငလျင်ဒဏ်ကြောင့် မင်းဘူးမြို့ရှိ နဂါးပွက်တောင်မှ ရွှံ့ချော်ရည်များ ဘေးပတ်ဝန်းကျင်သို့ လျှံကျ


RangonNewsDaily::Thursday. August 25. 2016
ယနေ့ ညနေပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် မကွေးတိုင်း မင်းဘူးမြို့ နဂါးပွက်တောင်မှ ရွှံ့ချော်ရည်များ ဘေးပတ်ဝန်းကျင်သို့ လျှံကျခဲ့ပြီး နဂါးပွက်တောင်ဝန်းကျင်တွင် အက်ကြောင်းများစွာ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။






နဂါးပွက်တောင်အခြေရှိ တန်ဆောင်းတော်ကြမ်းပြင် အုတ်ခုံတစ်ပြင်လုံးတွင် အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ပြီး ထိုတောင်တော်ရှေ့ မင်းဘူးကျောက်တန်း ကတ္တရာလမ်းတွင်လည်း မြေသားမို့မောက်ခြင်းနှင့် အက်ကြောင်းကွဲခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ပင်မနဂါးပွက်တောင်သည် ည ၇ နာရီခွဲအချိန်ထိ ပုံမှန်ပွက်လျက် ရှိသော်လည်း မူလတောင်တော်၏ ယာဘက် (ဒေသအခေါ် မောင်တော်တောင်) သည် မူလနေရာတွင် မပွက်တော့ဘဲ အတက်အဆင်း လှေခါးနေရာတွင် ပြောင်း၍ ပွက်ထနေကြောင်း သိရသည်။
.
အဆိုပါ ငလျင်မှာ ယနေ့ (သြဂုတ်လ ၂၄ ရက်) ညနေ ၅ နာရီ ၅ မိနစ်ခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မန္တလေး မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၂၃) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ချောက်မြို့၏ အနောက်ဘက် (၁၂) မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာ စကေး (၆.၈)အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုဖြစ်သည်။
■ အောင်သူငြိမ်း/ EMG
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment