Pages

Tuesday, August 30, 2016

ရန်ကုန်လသာမြို့နယ်ရှိ တိုက်ခန်းလှေကားတစ်ခု တွင် ဓါးထောက်လုယက်မှုဖြစ်

RangonNewsDaily::Tuesday. August 30. 2016 
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် လသာလမ်းရှိ ချယ်ရီမန်းစားသောက်ဆိုင်အနီး၈ လွှာတိုက်ခန်းရှိ ၅ လွှာ လှေခါးတွင် ဓါးထောက်၍ အမျိုးသမီးတစ်ဦးထံမှ ငွေကျပ် ၁၀ သိန်းကျော်ဖိုးလုယက်မူတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း 
လသာမြို့မရဲစခန်းမှ သိရသည်။
သြဂုတ်လ ၂၈ ရက်နေ့ ည ၇ နာရီအချိန်ခန့်က လသာမြို့နယ်နေအမျိုးသမီးတစ်ဦးသည် ကျောက်တံတားမြို့နယ်ရှိ လုပ်ငန်းခွင်မှ နေအိမ်သို့ပြန်လာစဉ် တိုက်လှေခါး ၅ လွှာအရောက်တွင် လုယက်မူဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု လသာမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
.
''နောက်ကနေ လူငယ်နှစ်ယောက်ပါလာတယ်။သူတို့က ဓါးလို့ယူဆရတဲ့ အရာနဲ့ဝမ်းဗိုက်ကိုထောက်တယ်။ ပါးစပ်ကို လက်ကိုင်ပုဝါနဲ့အုပ်တယ်။ မအော်နဲ့ပစ္စည်းယူမယ်ပြောပြီးရွှေဆွဲကြိုး၊ လက်ကိုင်အိတ်၊ ငွေကျပ် ၅၀၀၀၀ နဲ့လက်ကိုင်ဖုန်း
စုစုပေါင်းကျပ် ၁၀ သိန်းကျော် လုယူထွက်ပြေးသွားတယ်''ဟု ၎င်းကပြောသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့ မှ လုယက်သူများကို စုံစမ်းနေပြီး လသာမြို့မရဲစခန်းက(ပ)၁၆၂/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂ အရအမူဖွင့်ထားကြောင်း
သိရသည်။
Photos & News by ဝေရှိုင်း
Popular News.






0 comments:

Post a Comment