Pages

Tuesday, August 30, 2016

လင်းလင်းချင်းချင်း ညနေခင်းကြီးမှာပင် ရွှေပြည်သာရဲစခန်းအနီးမှ မိတ္တူဆိုင် ထိုးကြိတ်လုယက်ခံရ

RangonNewsDaily::Tuesday. August 30. 2016 
ရွှေပြည်သာရဲစခန်းအနီးမှ ပစ်တိုင်းထောင်မိတ္တူဆိုင်မှာယနေ့ညနေ ၃နာရီခွဲ
ခန့်က ဆိုင်တွင်းဝင်ရောက်ထိုးကြိတ်ကာပိုက်ဆံလုယူမှုဖြစ်ခဲ့ပါတယ်။
အဲဒီအချိန်က မိုးအနည်းငယ်ရွာနေခဲ့ပြီးမိတ္တူဆိုင်မှာ ကျန်းမာရေးချို့ယွင်းနေတဲ့အမျိုးသမီးတစ်ဦးနဲ့အိမ်အကူမိန်းကလေးတို့သာ ရှိနေချိန်လုယက်ခံရတာဖြစ်ပါတယ်။

မိတ္တူဆိုင်ဖွင့်ထားတဲ့မိသားစုဟာသမီးနှစ်ယောက်နဲ့မိခင်ဖြစ်တဲ့အမျိုးသမီးတို့သာရှိတာဖြစ်ပြီး သမီး၂ဦးအပြင်သွားချိန်မှာဖြစ်ခဲ့တာလို့သိရပါတယ်။အဲဒီအချိန်မှာဆိုင်အတွင်းကို လူတစ်ဦးဝင်လာပြီး အမျိုးသမီးကိုလက်သီးနဲ့ခြောက်ချက်ခန့်ထိုးကျိတ်ကာ ဆိုင်ကပိုက်ဆံတွေလုယူသွားတာလို့သိရပါတယ်။
.
အဲဒီလိုဖြစ်နေတုန်းမှာ အိမ်အကူမိန်းကလေးက ဆိုင်ထဲမှာရှိမနေဘဲအိမ်တွင်းမှာရှိနေတာမို့အော်သံကြားမှသာ ပြေးထွက်လာခဲ့နိုင်တယ်လို့လည်းသိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့်အဘွားမှာ မျက်ခုံးကွဲ။ ပါးတစ်ခြမ်းဖူးယောင်ဖြစ်ခဲ့တယ်လို့သိရပါတယ်။
ဖြစ်ပွားပြီးချိန်မှာပဲ ၁၉၉ကိုအရေးပေါ်ဖုန်းခေါ်ဆိုသတင်းပေးခဲ့ပြီးဆင့်ပွားသတင်းပို့မှုအရ ရွှေပြည်သာရဲစခန်းမှလာရောက်စစ်ဆေးခဲ့တယ်လို့လည်း ကနဦးသတင်းတွေအရ သိရပါတယ်။
NKN
Popular News.






0 comments:

Post a Comment