Pages

Saturday, April 30, 2016

ညောင်ဦးတွင် အပူဒဏ်ကြောင့် တစ်ရက်နှစ်ဦးနှုန်း သေဆုံးနေ

RangonNewsDaily::April . 30 .2016
ညောင်ဦးမြို့နယ်တွင် အပူချိန်မြင့်မားမှု ဒဏ်ကြောင့် သက်ကြီးရွယ်အိုများ တစ်ရက်နှစ် ဦးနှုန်း သေဆုံးနေကြောင်း သတင်းရရှိသည်။

အပူဒဏ်ကြောင့် သေဆုံးမှု များသည် ဧပြီ ၁၀ ရက်မှစ၍ ဖြစ်ပေါ်နေပြီး သက်ကြီးရွယ်အိုများ နှင့် အရက်သောက်သုံးမှုကြောင့် သေဆုံးသူများ ရှိနေကြောင်း ညောင်ဦးမြို့ ကရုဏာရှင် နာရေးကူညီမှုအသင်းမှ ဦးအောင်ကျော်မြင့်က ပြောသည်။
‘‘အပူချိန်များလွန်းလို့ ဆုံး တာတော့ များတာပေါ့လေ။ အပူ လျှပ်တဲ့သဘောမျိုးပေါ့။ အရက် သောက်တဲ့သူတွေကလည်း အပူ ချိန်များလို့ ဖြစ်တာမျိုးရှိတယ်။ တစ်ရက်ကို လေးယောက်နှုန်းရှိ တယ်။ အပူချိန်ကြောင့် သေဆုံး တဲ့သူကများတယ်။ အများစုက တော့ ၆၀ ကျော် အရွယ်တွေပဲ။ ဒါပေမဲ့ ၄၀ အရွယ်တွေလည်း ပါနေတယ်’’ဟု ဦးအောင်ကျော် မြင့်က ပြောသည်။
ဧပြီ ၂၉ ရက်တွင်လည်း အပူချိန်ကြောင့် သေဆုံးသူနှစ်ဦး ရှိခဲ့ကြောင်း ၎င်းက ပြောသည်။
‘‘အသက်ကြီးတဲ့သူတွေ ပုံမှန်ဆိုရင် နေလို့ရသေးတာပေါ့။ အခုကျ အပူချိန်ကြောင့် ဆုံးတာ ပေါ့။ အဲဒီလိုဖြစ်နေတာ။ သေဆုံး သူတွေ နှစ်ဆဖြစ်နေတယ်’’ဟု ညောင်ဦးမြို့ ဒေသခံဦးမျိုးညွန့်က ပြောသည်။ယခုရက်ပိုင်းအတွင်း ညောင်ဦးမြို့နယ်၌ အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်ပေါ် လျက်ရှိသည်။
အပူပိုင်းဒေသများရှိ အခြား မြို့များတွင်လည်း အပူချိန်ကြောင့် သက်ကြီးရွယ်အိုများ သေဆုံးမှု ဖြစ်ပေါ်နေသည်ဟု သတင်းရရှိ သည်။
7Day , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment