Pages

Saturday, April 30, 2016

ဗိုလ်တထောင်မြို့နယ်မှာ ကွမ်းယာလာဝယ်သူက ဆိုင်ရှင်အမျိုးသမီးကို ဓားနဲ့ထိုးမှုဖြစ်ပွား


RangonNewsDaily::April . 30 .2016
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ် (၅၃)လမ်းက ကွမ်းယာရောင်းတဲ့ ကုန်စုံဆိုင်တစ်ခုမှာ ကွမ်းယာလာဝယ်တဲ့ အမျိုးသားတစ်ဦးဟာ ဆိုင်ရှင်အမျိုးသမီးကို ဓားနဲ့ထိုးမှု ဧပြီလ (၂၉)ရက်က ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်တထောင်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးသန်းဌေးက 5 Plus ကိုပြောပါတယ်။
ဖြစ်စဉ်ကတော့ နေ့လည် (၁)နာရီဝန်းကျင်မှာ အဲ့ဒီကုန်စုံဆိုင်ကို အသက်(၂၅)နှစ်အရွယ် မင်းနိုင်ဆိုသူ အမျိုးသားတစ်ဦး ကွမ်းယာလာဝယ်ခဲ့ပါတယ်။ အဲဒါကြောင့် ဆိုင်ရှင်အမျိုးသမီးက ကွမ်းယာယာပေးနေတုန်း အဲဒီအမျိုးသားဟာ အမျိုးသမီးရဲ့ နောက်ကြောကိုသိုင်းဖက်ပြီး အသင့်ပါလာတဲ့ ဓားနဲ့ထိုးခဲ့ရာ ယာဘက်ပါးအောက် လည်ပင်းနေရာမှာ ဒဏ်ရာရခဲ့ပါတယ်။ အဲ့ဒီနောက် ဆိုင်ရှင်အမျိုးသမီးလည်း ရုန်းကန်ပြီး ဆိုင်ထဲကပြေးထွက်ခဲ့ကာ ပတ်ဝန်းကျင်ကို အကူအညီတောင်းခံခဲ့တာကြောင့် ဓားနဲ့ထိုးသူ မင်းနိုင်ကို ပတ်ဝန်းကျင်က ၀ိုင်းဝန်းဖမ်းဆီးပြီး ဗိုလ်တထောင်မြို့မရဲစခန်းကို ဖမ်းဆီးပို့ဆောင်ခဲ့ပါတယ်။


ဓားနဲ့ထိုးခံခဲ့ရတဲ့ အသက်(၅၅)နှစ် ဒေါ်အေးမြင့်ဟာ အရှေ့ပိုင်းခရိုင်ဆေးရုံမှာ မစိုးရိမ်ရဒဏ်ရာအနေနဲ့
ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေါ်အေးမြင့်ရဲ့ ခင်ပွန်းဖြစ်သူ ဦးစိုးတင့်က တိုင်ကြားခဲ့ရာ ဗိုလ်တထောင်မြို့မရဲစခန်းက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၄၅၂/၃၂၄)အရ အမှုဖွင့်စစ်ဆေးခဲ့ပါတယ်။
.
အဲဒီလိုစစ်ဆေးရာ ဒေါ်အေးမြင့်က ဓားနဲ့ထိုးသူနဲ့ သိကျွမ်းခြင်းမရှိဘူးလို့ ဆိုပါတယ်။ ဓားနဲ့ထိုးသူကို မေးမြန်းရာမှာတော့ အခုလိုဓားနဲ့ထိုးရတာနဲ့ပတ်သက်ပြီး တိကျသေချာတဲ့ အဖြေမျိုးပြောကြားခြင်းမရှိတာကြောင့် ဆက်လက်စစ်ဆေးနေတယ်လို့ စခန်းမှူး ဒုရဲမှူးသန်းဌေးက ပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ- Kay Thwe FB
5 Plus News::--
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment

 
world time