Pages

Saturday, April 30, 2016

ပြည်ကြီးတံခွန်မြို့နယ်တွင် ဂတ်စ်မီးခြစ်စက်ရုံ မီးလောင်မှုဖြစ်ပွား


RangonNewsDaily::April . 30 .2016
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂×၆၃ လမ်းကြား၊ ဖိုးရာဇာလမ်းနှင့် ကနောင်မင်းသားကြီး လမ်းကြား၊ (ဈ)ရက်ကွက်၊ အကွက်အမှတ်(H-96) ရှိ Hi-Star ဂတ်စစ်မီးခြစ်စက်ရုံတွင် ဧပြီ ၃၀ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်က ဂတ်စ်မီးခြစ်များ မီးခြစ်၍ အရည် အသွေးကောင်းမကောင်း စမ်းသပ်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် RC သွပ်မိုးမြေစိုက် ၅၀×၁၀ပေ အဆောက်အဦတစ်လုံး မီးလောင်ကျွမ်းခဲ့သည်။


မီးလောင်မှုကြောင့် အလုပ်သမား မနှင်းသန္တာမြင့် (ဘ) ဦးလှမြင့်အား ပြည်ကြီး တံခွန်မြို့နယ် ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
MOI::--KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment