Pages

Wednesday, February 24, 2016

" မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်အား အချိန်ပိုင်း ပြတ်တောက်နိုင် "

RangonNewsDaily:: February . 24 .2016
ဓာတ်အားသုံးစွဲမှုမြင့်မားချိန်များတွင် ရန်ကုန်ရှိ မြို့နယ်အချို့ နာရီပိုင်းခန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက သတင်းထုတ်ပြန်လိုက်သည်။
သဘာဝဓာတ်ငွေ့လုပ်ငန်းများရှိသည့် ရတနာ နှင့် ပတ္တမြား လုပ်ကွက်များ၏ ပလက်ဖောင်း ပိုက်ဆက်ခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၈ ရက်အထိ လေးရက်အကြာလုပ်ဆောင်မည်ဖြစ်သောကြောင့် ဓာတ်အား သုံးစွဲမူ မြင့်မားချိန် ၁၈ နာရီအတွင်း ဓာတ်အားဖြတ်တောက်မူများ ပြုလုပ်သွားမည်ဟု ကြေညာထားခြင်း ဖြစ်သည်။
.
လျှပ်စစ်ဓာတ်အားသုံးစွဲမှုမြင့်မားချိန် နံနက် ငါးနာရီ မှ ည ၁၀ နာရီအတွင်း ဓာတ်အားသုံးစွဲမူများမြင့်မားလာမည် ဆိုပါက ဓာတ်အားဖြတ်တောက်မူများကို အလျဉ်းသင့်သလို လုပ်ဆောင်သွားမည်ဖြစ်ပြီး ဓာတ်အားဖြတ်တောက် ချိန်သည် အများဆုံး တစ်နာရီ မှ နှစ်နာရီ ခန့်အထိ ကြာမြင့်နိုင်မည်ဖြစ်ကြောင်း YESC မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
.
ဓာတ်အားဖြတ်တောက်မှု ပြုလုပ်မည့် မြို့နယ်များမှာ တောင်ပိုင်းခရိုင်မြို့နယ်များအားလုံးနှင့် သာကေတ ၊ ဒေါပုံ ၊ တောင်ဒဂုံ ၊ မြောက်ဒဂုံ နှင့် သင်္ကန်းကျွန်း၊ဗဟန်း ၊ လမ်းမတော်၊ အလုံ ၊ဒဂုံ၊ စမ်းချောင်း၊မရမ်းကုန်း၊ကမာရွတ်၊အင်းစိန်၊မင်္ဂလာဒုံ၊ လိုင်သာယာ၊ မှော်ဘီ၊ ရွှေပြည်သာ၊ လှည်းကူး မြို့ နယ် တို့ဖြစ်သည်။
7Day ::--KOLATT(PBDN) RangonNewsDaily

0 comments:

Post a Comment