Pages

Wednesday, February 24, 2016

ဖားကန့်၌ လုပ်ကွက်ကမ်းပါးယံ မြေစာပုံ ပြိုကျ ဘက်ဟိုယာဉ်နှစ်စီး နစ်မြုပ်ပြီး ယာဉ်မောင်းတစ်ဦး သေဆုံး


ဖားကန့် RangonNewsDaily:: February . 19 .2016
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေး ရွာတွင် ကုမ္ပဏီလုပ်ကွက် တစ်ခု၌ လုပ်ကွက်ကမ်းပါးယံ မြေစာပုံပြိုကျပြီး ဘက်ဟိုးယာဉ်များနှင့် လူတစ်ဦးပါသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၁ရက် မွန်းလွဲ ၁ နာရီခွဲက ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ အုပ်စု နမ့်မှော်ကျေးရွာ ရတနာပြည့်ဖြိုးအောင် ကုမ္ပဏီလုပ်ကွက် အတွင်း လုပ်ကွက် ကမ်းပါးယံ ခြေရင်း ၌ ဘက်ဟိုးယာဉ်များဖြင့် လုပ်ငန်းဆောင်ရွက်နေစဉ် အလျားပေ ၁၀၀ ကျော်ခန့်၊ အမြင့်ပေ ၁၀၀ကျော်ခန့်၊ ထုပေ ၂၀ကျော်ခန့်ရှိ မြေစာပုံပြိုကျမှုကြောင့် ကုမ္ပဏီ ပိုင်ဘက် ဟိုးယာဉ်နှစ်စီးမှာ မြေမြုပ်သွားခဲ့သည်။
.
မြေမြုပ်သွားသော ယာဉ်မောင်း ကိုဇော်မင်းနိုင် (၄၅နှစ်) မှာ ယာဉ်နှင့် အတူ မြေစာပုံ အောက်ပါသွားကြောင်းကို နမ့်မှော်ကျေးရွာနေသူ ကိုခိုင်စိုး (၂၇နှစ်) ရတနာပြည့်ဖြိုးအောင် ကုမ္ပဏီ ဘက်ဟိုးယာဉ်မောင်း သူက ပြောပြ သဖြင့် ညနေ ၃နာရီ ခန့်တွင် ယင်းပြိုကျလာသော မြေစာပုံအား ဘက်ဟိုးယာဉ် ငါးစီးဖြင့် တူးဖော်ရှာဖွေခဲ့ရာ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီတွင် မြေစာ ပုံ အောက်ပါသွားသူ ကိုဇော်မင်းနိုင် အလောင်းအား တူဖော်ရရှိခဲ့ပြီး ဒဏ်ရာများ ရရှိ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရ၍ အလောင်းကို ဖားကန့်မြို့ နယ် ပြည်သူ့ဆေးရုံကြီးသို့ ရဲဆေးစာ ရေးသားပေးပို့ခဲ့ပြီး ဇော်မင်းနိုင် သေ ဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မာတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သေမှုသေ ခင်း ရေးဖွင့် စစ်ဆေား ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
စိုးနိုင်ဦး(ဖားကန့်) /MOI ::--
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment