Pages

Wednesday, February 24, 2016

တပ်မတော်ယာဉ်တန်းနှင့် ဆိုင်ကယ်တိုက်မိရာမှ ဆိုင်ကယ်စီးသူနှစ်ဦး သေဆုံး

RangonNewsDaily:: February . 24 .2016
ပဲခူးတိုင်း ဘုရားကြီးနယ်မြေရှိ ပျဉ်ပုံကြီးသုံးအိမ်စု ကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီခွဲခန့်က ဆိုင်ကယ်တစ်စီး အရှိန်လွန်ကာ တပ်မတော်ယာဉ်တန်းမှ ယာဉ်တစ်စီးကို ၀င်ရောက်တိုက်မိခဲ့သဖြင့် ဆိုင်ကယ်စီးလာသူနှစ်ဦး သေဆုံးသွားကြောင်း ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ရန်ကုန်-မန္တလေး လမ်း ဟောင်းအတိုင်း မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ အသက် (၂၀) ခန့်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး စီးနင်းလာ သည့် ဆိုင်ကယ်သည် ရပ်ထား သော နောက်တွဲပါကုန်တင်ယာဉ် ကို ကျော်တက်ရာမှ အရှိန်လွန် ကာ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဘုရားကြီးနယ်မြေရဲစခန်းမှ စခန်း မှူးက ဆိုသည်။
.
‘‘ယာဉ်တန်းတွေဆိုတော့ ကားတွေက အများကြီးလာတာ။ အဲဒီမှာ ဘက်ဟိုးတင်ထားတဲ့ တွဲ ကားကို ကျော်တက်တဲ့အချိန်မှာ ဟိုဘက်က ယာဉ်တန်းကားတစ် စီးရဲ့ ဘယ်ဘက်အခြမ်းကို အရှိန် လွန်ပြီး တိုက်တာ။ ကောင်လေး ရော ကောင်မလေးရော ပွဲချင်းပြီးသေတာ’’ဟု ၎င်းကဆိုသည်။
သေဆုံးသွားသည့် အမျိုးသ မီးငယ်သည် အင်္ဂလိပ်စာအဓိကဖြင့် တက္ကသိုလ်တက်ရောက်နေ သည့် မအိသဇင်ထွန်းဆိုသူဖြစ်ပြီး အမျိုးသားမှာ မည်သူမည်ဝါဖြစ် သည်ကို စုံစမ်းနေကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
.
‘‘ကောင်မလေးက သနပ် ပင်ဘက်ကလို့တော့ သတင်းရ ထားတယ်။ အဲဒါတောင် ကောင်မလေးရဲ့ ပိုက်ဆံအိတ်ထဲက ကျောင်းမှာ ငွေသွင်းတဲ့ ဘောက် ချာကို တွေ့လို့ သိရတာ။ ဘောက်ချာအရတော့ ပထမနှစ်ကျောင်း သူ’’ဟု ၎င်းကဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ် သက်ပြီး ဆိုင်ကယ်မောင်းနှင်သူ ကို ယာဉ်မဆင်မခြင်မောင်းနှင်မှု ကြောင့် လူသေဆုံးသည့် ပုဒ်မ ၃၀၄(က)ဖြင့် အမှုဖွင့်စစ်ဆေးနေ ကြောင်း သိရသည်။
7Day ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment