Pages

Wednesday, February 24, 2016

ယနေ့ ရန်ကုန်မြေငလျှင်

RangonNewsDaily:: February . 24 .2016
ယနေ့နံနက် ၇ နာရီ မိနစ် ၄၀ က ရန်ကုန်မြို့တွင်း မြို့နယ်အများစု ငလျင်လှုပ်ခြင်းကို သိသိသာသာ ခံစားလိုက်ရသည်။ မိုးဇလဌာန မြေငလျင်ဌာနခွဲက ၄င်းတို့၏ ငလျင်တိုင်းစက်များတွင် ဖမ်းမမိခဲ့ကြောင်း ယင်းဌာနတာဝန်ရှိသူတစ်ဦးက နံနက် ၇ နာရီ ၅၀ မိနစ်က ပြောသည်။ 
ကြည့်မြင့်တိုင်မြို့တွင် နေထိုင်သူအမျိုးသမီးတစ်ဦးက " ငလျင်က စက္ကန့်ပဲခြားပြီး ၂ ခါတောင်လှုပ်တာ။ အရမ်းကြမ်းတယ်။ တိုက်ကို ဆွဲခါလိုက်သလိုပဲ" ဟု ပြောသည်။
.
ရန်ကုန်မြို့သည် စစ်ကိုင်းပြတ်ရွေ့(ပဲခူးအပိုင်း)နှင့် မိုင် ၃၀ ခန့်သာဝေးသလို ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့အနီးရှိ ဒေးဒရဲပြတ်ရွေ့လှုပ်ပါကလည်း ရန်ကုန်တွင်ပါ လှုပ်လေ့ရှိသည်။ ယနေ့နံနက် လှုပ်သည့်ငလျင်က မည့်သည့် ပြတ်ရွေ့လှုပ်သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
7day ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment