Pages

Friday, February 19, 2016

တရုတ်ပြည်သူ့သမ္မတ မြန်မာနိုင်ငံ မဟုတ်ပါ

တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံ ဟု မှားယွင်းဖေါ်ပြထားတဲ့ အဌမတန်း မေးခွန်းလွှာကို တွေ့ရစဉ်
RangonNewsDaily:: February . 19 .2016
အခြေခံပညာ အဌမတန်း မေးခွန်းလွှာမှာ တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံ ဟု မှားယွင်းဖေါ်ပြခဲ့တာနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက စစ်ဆေးနေပြီလို့ နိုင်ငံတော်သမ္မတရုံး ထိပ်တန်းအရာရှိ တစ်ဦးဖြစ်သူ ဦးဇော်ဌေးရဲ့ ကွန်ပြူတာဖေ့စ်ဘုတ်မှာ မနေ့က ဖေါ်ပြထားပါတယ်။

မှူးဇော်အမည်နဲ့ ရေးသားတဲ့ အဲ့ဒီစာမျက်နှာမှာ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးက ထုတ်ခဲ့တဲ့ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်အတွက် အဌမတန်း ပထဝီဝင်မေးခွန်းလွှာမှာ တရုတ်ပြည်သူ့သမ္မတ မြန်မာနိုင်ငံ လို့ မှားယွင်းရေးသား ဖေါ်ပြထားတာကို တွေ့ရှိခဲ့ရကြောင်းနဲ့ အဲဒီကိစ္စကို နေပြည်တော် ပညာရေးဝန်ကြီးဌာန က အခု စစ်ဆေးနေပြီလို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောဆိုကြောင်း ဖတ်ရှုရပါတယ်။

အဲဒီကိစ္စကို အခုမှ မိမိ သိရှိရကြောင်းနဲ့ ဘာကြောင့် ဒီလိုမှားရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း စသဖြင့် ညွှန်ချုပ်က ပြောဆိုတယ်လို့ သမ္မတရုံး အရာရှိရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားပါတယ်။
RFA , 
RangonNewsDaily


0 comments:

Post a Comment