Pages

Friday, February 19, 2016

ဒလတံတား စီမံကိန်းစတင်

ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက်နှင့် ဒလဘက်အခြမ်းကို ဝေဟင်မှ တွေ့ရစဉ်(ဓာတ်ပုံ−ကောင်းကောင်း)
RangonNewsDaily:: February . 19 .2016
မြန်မာ-ကိုရီးယား ချစ် ကြည်ရေး ဒလတံတားစီမံကိန်းအတွက် မြေပိုင်ရှင်များအား လျော်ကြေးပေးလိုက်ပြီဖြစ်သောကြောင့်တံတားတည်ဆောက်ရေးလုပ်ငန်းစတင်ပြီဖြစ်သည်။

စီမံကိန်းနယ်မြေနှင့်မလွတ် ကင်းသည့် မြေပိုင်ရှင်အိမ်ထောင်စု ၆၅ စုအား ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၇ ရက်က တံတားစီမံကိန်းစတင်ခြင်းနှင့်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားပြုလုပ်ကာ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြကြသည်။

ကန်ဒေါ်လာ ၁၆၈ သန်းကျော် ကုန်ကျမည်ဟု ခန့်မှန်းထားသော တံတားတည်ဆောက်ရေးစီမံကိန်းမှာ ငါးနှစ်ဖြစ်ပြီး သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး စုစုပေါင်း တံတားအရှည် ၆,၁၄၃ ပေ၊ ပင်မတံတား အရှည် ၁,၉၃၆ ပေရှိပြီး လေး လမ်းသွားတံတားဖြစ်သည်။
7Day , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment