Pages

Sunday, February 21, 2016

ဟင်္သာတမြို့နယ်တွင် ကျောင်းသား ၂ ဦး ရေနစ်သေဆုံး


RangonNewsDaily:: February . 21 .2016
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် ခေါင်းဈေးကျွန်းအုပ်စု သာယာကုန်းထိပ် ကျုံလဟာဖြတ် ကတို့အနီးမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက် ၁၀ နာရီက ကျေင်းသား ၂ ဦး ရေနစ်သေဆုံးသွားပါတယ်။

ရန်ကုန်မြို့ကနေ ဟင်္သာတ GTC ကောလိပ်မှာ လာရောက်ပညာသင်ကြားနေတဲ့ ပထမနှစ်ကျောင်းသား ၁၀ ဦးဟာ သောင်ခုံပေါ်မှာ ဘောလုံးကန်ပြီး ရေဆင်းကူးခဲ့ရာကနေ ရေအနက်ပိုင်းကို ၅ ဦး ရောက်ရှိသွားပြီး ရေနစ်မြုပ်ခဲ့လို့ ၂ ဦး သေဆုံးသွားတာဖြစ်ပါတယ်။

ကျောင်းသား ၅ ဦး ရေနစ်မြုပ်တာကို ကျန်ကျောင်းသားတွေက အော်ဟစ်အကူညီတောင်းတာကြောင့် ဘေးနားမှာ ရှိနေတဲ့ မော်တော်တွေက လာရောက်ကယ်ဆယ်ခဲ့ပေမယ့် ၃ ဦးကိုသာ ကယ်တင်နိုင်ခဲ့ပါတယ်။
ဒီနောက်မှာတော့ ပျောက်ဆုံးကျောင်းသား ၂ ဦးကို ဒေသခံတွေက ငါးဖမ်းပိုက်တွေနဲ့ ၀ိုင်းဝန်းရှာဖွေခဲ့ရာ မနက် ၁၁ နာရီနဲ့ ညနေ ၅ နာရီမှာ သေဆုံးအလောင်းတွေကို ဆယ်ယူနိုင်ခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ ကျောင်းသား ၂ ရဲ့အလောင်းကို နှလုံးလှနာရေးကူညီမှုအသင်းက ဟင်္သာတပြည်သူ့ဆေးရုံ ပို့ပေးခဲ့တယ်လို့ ဒီဗွီဘီနယ်ခံသတင်းထောက်က ပြောပါတယ်။ ကျောင်းသား ၂ ဦး ရေနစ် သေဆုံးခဲ့မှုကို ဟင်္သာတအမှတ် ၁ မြို့မရဲစခန်းက စခန်း မူးကိုယ်တိုင် ၃/၂၀၁၆ သေမှုသေခင်းအဖြစ် ဆက်လက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
သတင်းဓာတ်ပုံ – အဓိပတိ ဟင်္သာတသား
DVB , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment