Pages

Sunday, February 21, 2016

ပုဂံဘုရားပုထိုးများပေါ်သို့ တက်ရောက်ခွင့်မပြုရန်ဆောင်ရွက်မည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနကြေညာချက်ထုတ်

RangonNewsDaily:: February . 21 .2016
ပုဂံရှေးဟောင်းနယ်မြေ ရှိ ပြာသာဒ်ကြီးဘုရားပေါ်တွင် လူ အများ စုဖွဲ့ကခုန်နေသည့် ဗီဒီယို ဖိုင်တစ်ခုနှင့် ဓာတ်ပုံများ လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့ပြီးနောက် ပုဂံဘုရား ပုထိုးများပေါ်သို့ တက်ရောက် ခွင့်မပြုရန် ဆောင်ရွက်တော့မည် ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာသည်။

ဖေဖော်ဝါရီ ၁၇ ရက်က ပြာသာဒ်ကြီးဘုရားပေါ်တွင် ဆေးကုမ္ပဏီတစ်ခုမှ လူအများ အသံချဲ့ စက်များဖြင့် အဖွဲ့လိုက်ဆူညံစွာ ကခုန်ခဲ့သည့်ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံ များပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများရှိခဲ့ရာ ဖေဖော်ဝါရီ ၁၉ ရက်၌ ယဉ် ကျေးမှုဝန်ကြီးဌာနက ပုဂံဘုရား ပုထိုးစေတီများနှင့်ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပုဂံရှေးဟောင်းနယ်မြေတွင် ပုဂံမြင်ကွင်းများကို ကြည့်ရှုနိုင်ရန် ကြံ့ခိုင်မှုရှိသော ဘုရားပုထိုးငါးဆူပေါ်သို့ တက်ရောက်ခွင့်ပြုထားပြီး ဘုရားတွင် တိုင်းတစ်ပါးသားများ က မလျော်ကန်သောအပြုအမူ များ၊ အမူအရာ၊ အနေအထား များဖြင့် မှတ်တမ်းတင်နေလျှင် ခရီးသွားလုပ်ငန်းဝန်ဆောင်မှုပေး သူများနှင့် နိုင်ငံသားများက တား မြစ်ရမည်ဖြစ်ပြီး နိုင်ငံသားတစ်ဦး ဆီက ဝိုင်းဝန်းထိန်းသိမ်းတားမြစ် ရမည့်အစား နိုင်ငံသူ၊ နိုင်ငံသား များကိုယ်တိုင်က တန်ဖိုးမထား မလေးစားမှုများကြောင့် ပုဂံယဉ် ကျေးမှုနယ်မြေတွင် တက်ရောက် ခွင့်ပြုထားသော ဘုရားပုထိုးများ ပေါ်သို့ တက်ရောက်ခွင့်မပြုခြင်း ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရ တော့မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြာသာဒ်ကြီးဘုရားပေါ်တွင် စုဖွဲ့ကခုန်နေသည့်အချိန်၌ ဧည့် လမ်းညွှန်အချို့က သွားရောက် တားမြစ်ခြင်း၊ သက်ဆိုင်ရာသို့ ဖုန်းဆက်အကြောင်းကြားခြင်း များ ပြုလုပ်ခဲ့ကြကြောင်း၊ ဆူဆူ ညံညံကခုန်ခြင်းမပြုရဟု တားမြစ် လျှင် လုံလောက်ပြီး ဘုရားပေါ် တက်ခွင့်မပြုတော့သည့်အဆင့် ထိ ဆောင်ရွက်ရန် မလိုအပ် ကြောင်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့သည့် မန္တလေးအခြေ စိုက် ဧည့်လမ်းညွှန်အချို့က ပြော သည်။

‘‘ပုဂံရဲ့အလှအပဟာ Sky-view က ကြည့်တာ အလှဆုံးပါ။ မြန်မာနိုင်ငံရဲ့ Tourism Promo-tion တစ်ခုလုံးကို ဘာလို့ဖျက်စ ရာလိုလဲ။ ပုဂံဘုရားတွေမှာ ကျွန် တော်တို့အသင်းက တောင်းဆို နေတာက ဒီထက်ပိုပြီးတောင် ဖွင့် ပေးဖို့ တောင်းဆိုနေတာ။ နောက် ထပ်ဘုရားတွေပေါ် တက်ခွင့်ပေး လိုက်ရင် ဘုရားတွေရဲ့ခံနိုင်ရည် တွေ သက်သာသွားနိုင်ပါတယ်’’ ဟု မန္တလေးအခြေစိုက်ဝါရင့်ဧည့် လမ်းညွှန်တစ်ဦးဖြစ်သူ ကိုဝင်း ဇော်ဦးက ပြောသည်။
မယဉ်ကျေးသော ဝတ်စား ဆင်ယင်မှုများ၊ အပြုအမူများဖြင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်အ ဆောက်အအုံ၊ ရုပ်တုပစ္စည်းများ နှင့် ပူးတွဲဓာတ်ပုံရိုက်ခြင်း၊ ဖြန့်ဝေ ခြင်းများ ပြုလုပ်နေခြင်းကြောင့် မြန်မာ့ယဉ်ကျေးမှု မှေးမှိန်စေ သည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာန က သတိပေးထားသည်။ ပုဂံရှေး ဟောင်းယဉ်ကျေးမှုနယ်မြေသို့ ယခုနှစ်တွင် နိုင်ငံခြားခရီးသွားဦးရေ နှစ်သိန်းကျော်ဝင်ရောက် မည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာန က ခန့်မှန်းထားသည်။
7Day , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment